သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုဘားမား ဒုတိယသမ္မတ သက်တမ်းအတွက် မဲဆွယ်စည်းရုံးရေး စတင်

လာမယ့် နိုဝင်ဘာလ အမေရိကန်သမ္မတ ရွေးကောက်ပွဲအတွက် ဒီမိုကရက်တစ် (Democratic) ပါတီက လက်ရှိသမ္မတ ဘရက် အိုဘားမား (Barack Obama) ဟာ သူ့ရဲ့ တရားဝင် မဲဆွယ်စည်းရုံးလှုပ်ရှားမှုကို မေလ ၅ ရက်နေ့ စနေနေ့က အမေရိကန်ပြည်ထောင်စုရဲ့ အနောက်အလယ်ပိုင်းက အိုဟိုင်းယိုး (Ohio) ပြည်နယ်၊ ကိုလံဘတ်စ် (Columbus) မြို့က အိုဟိုင်းယိုးပြည်နယ် တက္ကသိုလ်မှာ စတင်လိုက်ပါပြီ။

အမေရိကန်ပြည်ထောင်စုဟာ နက်နက်ရှိုင်းရှိုင်း စီးပွားရေးကျဆင်းနေမှုထဲကနေ ပြန်လည်ရုန်းထဖို့ အခက်အခဲဆုံး အချိန်တချိန်ကို ကျော်ဖြတ်ခဲ့ရတယ်လို့ သမ္မတ အိုဘားမားက ပြောဆိုလိုက်ပြီးတော့ အခုတော့ ဒီအခြေအနေဆိုးဆီ နောက်ပြန်လှည့်သွားနိုင်တဲ့ အနေအထားကတော့ သိပ်ကို ဝေးသွားပါပြီလို့လည်း သူ့ကို ထောက်ခံကြတဲ့ ပရိသတ်ကို မစ္စတာအိုဘားမားက အိုဟိုင်းယိုးပြည်နယ် တက္ကသိုလ်မှာ ပြောဆိုခဲ့ပါတယ်။

သူ့ရဲ့ပြိုင်ဘက်ဖြစ်တဲ့ ရီပတ်ဘလီကန်ပါတီ (Republican Party) ရဲ့ သမ္မတလောင်း မက်ဆာချူးဆက်ပြည်နယ် (Massachusetts State) အုပ်ချုပ်ရေးမှူးဟောင်း မစ်(တ်)ရော်မနီ (Mitt Romney) က ရီပတ်ဘလီကန် ပါတီရဲ့ ကျဆုံးနေတဲ့ မူဝါဒတွေကို မျက်စေ့မှိတ် ထောက်ခံနေတဲ့ အချိန်မှာ သူတို့ရဲ့ ဒီမိုကရက်တစ်ပါတီ ကတော့ နောက်ပြန်လှည့်မှာ မဟုတ်သလို နိုင်ငံကို ရှေ့သို့သာဆက်ပြီး ချီတက်နိုင်အောင် လုပ်ဆောင်နေပါတယ်လို့ မစ္စတာအိုဘားမားက ပြောဆိုခဲ့ပါတယ်။

လာမယ့် အမေရိကန်သမ္မတ ရွေးကောက်ပွဲဟာ မဲဆန္ဒရှင် လူလတ်တန်းစားတွေ အတွက် သေရေးရှင်ရေး ရွေးချယ်ရမယ့် အနေအထား ဖြစ်နေတယ်လို့လည်း သမ္မတအိုဘားမားက ဆိုပါတယ်။ မေလ ၅ ရက် စနေနေ့ ဒေသစံတော်ချိန် ညပိုင်းမှာ သမ္မတအိုဘားမားနဲ့ သမ္မတကတော် မစ်ရှဲလ် အိုဘားမား (Michelle Obama) တို့ဟာ ဗာဂျီးနီးယားပြည်နယ်က တက္ကသိုလ်တခုကို ခရီးဆက်ပြီး မဲဆွယ်စည်းရုံးကြမှာ ဖြစ်ပါတယ်။

This item is part of
XS
SM
MD
LG