သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုဘားမားကျန်းမာရေးအာမခံအစီအစဉ် တစိတ်တပိုင်းပယ်ဖျက်ရေးအဆို အထက်လွှတ်တော်မှာရှုံး


သက်တမ်း ၇ နှစ် ရှိပြီဖြစ်တဲ့ Obamacare လို့ခေါ်တဲ့ ဈေးနှုန်းသက်သာတဲ့ ကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ် တစိတ်တပိုင်းကို ပယ်ဖျက်ဖို့ ဒီကနေ့ မနက်အစောပိုင်းက အမေရိကန် အထက်လွှတ်တော်အတွင်း မဲခွဲဆုံးဖြတ်တာမှာ ရှုံးနိမ့်သွားပါတယ်။

ဒီမိုကရက်လွှတ်တေ်ာအမတ်တွေနဲ့ အတူ ရီပတ်ဘလစ်ကန် အမတ်အချို့က ကန့်ကွက်မဲထဲ့ခဲ့တာကြောင့် အခုလို ရှုံးနိမ့်ခဲ့ပြီး သိတ်မကြာခင်မှာပဲ သမ္မတ ဒေါ်နယ်ထရမ့်က အရင်တုန်းက ပြောဆိုထားခဲ့တဲ့အတိုင်း Obamacare အလုပ်မဖြစ်တော့ပဲ ကျရှုံးသွားပြီးတဲ့နောက်မှ တခုခု ဆက်လုပ်ကြဖို့ ဆိုတာမျိုး Twitter လူမှုကွန်ယက်မှာ ရေးသားခဲ့ပါတယ်။

ရီပတ်ဘလစ်ကန် လွှတ်တော်အမတ်တွေက Obamacare တစိတ်တပိုင်းကို ပယ်ဖျက်နိုင်မယ့် ဥပဒေတရပ် ပြဌာန်းနိုင်ဖို့ မဲခွဲဆုံးဖြတ်ရာမှာ ၄၉ မဲ ၅၁ မဲနဲ့ ရှုံးနိမ့်ပြီး ဒီမိုကရက်နဲ့ အတူ ရီပတ်ဘလစ်ကန် အထက်လွှတ်တော်အမတ် ၃ ဦးက ကန့်ကွက်မဲပေးခဲ့ရာမှာ Arizona ပြည်နယ် အထက်လွှတ်တော် အမတ် John McCain လည်း ပါပါတယ်။

အထက်လွှတ်တော် လူများစုခေါင်းဆောင် ရီပတ်ဘလစ်ကန် အထက်လွှတ်တော်အမတ် Mitch McConnell က အခုလိုရှုံးနိမ့်ခဲ့တဲ့အပေါ် စိတ်ပျက်လက်ပျက်ဖြစ်မိကြောင်း ပြောဆိုပြီး ဒီမိုကရက် လွှတ်တော်အမတ်တွေအပေါ်မှာလည်း စိတ်ပျက်နေပုံပေါ်ပါတယ်။ ဒီမိုကရက်တွေအနေနဲ့ အခုလို အောင်ပွဲခံနေချိန်မှာပဲ အမေရိကန်တွေအနေနဲ့ ဒီဥပဒေကြောင့် အခက်အခဲတွေရင်ဆိုင်နေရတာမျိုးကနေ သက်သာရာရစေဖို့ လိုအပ်တယ်လို့ McConnell က ပြောပါတယ်။

လူနည်းစုခေါင်းဆောင် ဒီမိုကရက်အထက်လွှတ်တော်အမတ် Chuck Schumer ကတော့ ဥပဒေအတည်မပြုနိုင်တာကြောင့် သူတို့အတွက်ဆိုတာထက် အမေရိကန်တွေအတွက် စိတ်သက်သာရာရခဲ့ပြီး Obamacare ကို ပိုပြီးပြည့်စုံကောင်းမွန်အောင် ပူးပေါင်းလုပ်ဆောင်နိုင်ဖို့ မျှော်လင့်ကြောင့် ပြောကြားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG