သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတလောင်း ကလင်တန်အတွက် သမ္မတ အိုဘားမား မဲဆွယ်စည်းရုံး

အမေရိကန် ဒီမိုကရက်တစ်သမ္မတလောင်း ဟီလာရီကလင်တန် အဆုပ်အအေးမိပြီး နေထိုင်မကောင်းဖြစ်လို့ ခဏအနား ယူနေတဲ့အချိန်မှာ သမ္မတ ဘရာ့ခ်အိုဘားမားက ဒီကနေ့ မစ္စစ်ကလင်တန်အတွက် မဲဆွယ်စည်းရုံးပေးနေပါတယ်။

Philadelphia မြို့မှာ ကျင်းပမယ့် ကလင်တန် မဲဆွယ်စည်းရုံးပွဲမှာ သမ္မတအိုဘားမား မိန့်ခွန်းပြောဖို့ရှိသလို အဲဒီမြို့မှာပဲ ဒီမိုကရက်တစ်ပါတီအတွက် ရန်ပုံငွေရှာပွဲကိုလည်း တက်ရောက်ပါလိမ့်မယ်။ မစ္စစ်ကလင်တန်ကတော့ ဒီသီတင်းပတ်နှောင်းပိုင်းမှာ မဲဆွယ်စည်းရုံးမှုတွေ ပြန်စနိုင်ဖို့မျှော်လင့်တဲ့အကြောင်း တနင်္လာနေ့နှောင်းပိုင်းက CNN ရုပ်သံကို ပြောသွားပါတယ်။

အဆုပ်အအေးမိနေတဲ့အကြောင်း သောကြာနေ့ကတည်းက စောစောစီးစီး လူသိရှင်ကြား မထုတ်ပြန်ခဲ့တာ သူ့ အမှားပါလို့ မစ္စစ်ကလင်တန်ရဲ့ ဝန်ထမ်းက ပြောပါတယ်။ နယူးယောက်မြို့က အခမ်းအနားတခုမှာ မစ္စစ်ကလင်တန် နေထိုင်မကောင်းဖြစ်ပြီး ရုတ်တရက် ထပြန် သွားခဲ့ရတာပါ။

သူ့ကျန်းမာရေးနဲ့ပတ်သက်လို့ ဒီလောက် ကြီးကြီးကျယ်ကျယ် ဖြစ်လိမ့်မယ်လို့ မထင်ခဲ့တဲ့ အကြောင်း မစ္စစ် ကလင်တန်က တနင်္လာနေ့က ပြောပါတယ်။ အခုတော့ မစ္စစ် ကလင်တန်နဲ့ ပြိုင်ဘက် ရီပါဘလီကန် သမ္မတလောင်း Donald Trump က တို့နှစ်ဦးစလုံးက သူတို့ရဲ့ ကျန်းမာရေးဆိုင်ရာ အချက်အလက်တွေကို မကြာခင်မှာ ထုတ်ပြန်မယ့်အကြောင်း ကတိပေးထားပါတယ်။

သမ္မတလောင်း ကလင်တန်အတွက် သမ္မတ အိုဘားမား မဲဆွယ်စည်းရုံး
please wait

No media source currently available

0:00 0:00:59 0:00
တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG