သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျူးဘားရောက် သမ္မတအိုဘားမား မိန့်ခွန်းပြောကြား


သမ္မတအိုဘားမား မိန့်ခွန်းပြောကြား
သမ္မတအိုဘားမား မိန့်ခွန်းပြောကြား

Cuba နိုင်ငံအပေါ် ပိတ်ဆို့အရေးယူ မှုတွေကို ပြန်လည်ရုပ်သိမ်းပေးဖို့အမေရိကန်သမ္မတ Barack Obama က အမေရိကန်လွှတ်တော်ကို တိုက်တွန်းလိုက်ပါတယ်။ နှစ်ပေါင်းများစွာအထီးကျန်နေတဲ့ Cuba နိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုတွေ ရုပ်သိမ်းဖို့ အချိန်တန်ပြီလို့ Cuba နိုင်ငံကို ရောက်နေတဲ့ အမေရိကန်သမ္မတ Barack Obama က သူ့မိန့်ခွန်းမှာ ပြောသွားတာပါ။ ဒါပေမယ့်လည်း Cuba နိုင်ငံဘက်က အပြောင်းအလဲတွေကို ဆက်လုပ်ဖို့ လိုအပ်တယ်လို့ သူက တိုက်တွန်းသွားပါတယ်။

ဒီကနေ့ El Gran Teatro de Havana အဆောက်အဦးမှာ ပြောကြားမယ့် သမ္မတ အိုဘားမားရဲ့ မိန့်ခွန်းဟာ ခရီးစဉ်အတွက် အရေးအကြီးဆုံးဖြစ်တယ်လို့ အိမ်ဖြူတော်က ပြောပါတယ်၊ အဲဒီနောက်မှာတော့ Tampa Bay Rays အမေရိကန် baseball အသင်းနဲ့ ကျူးဘားအမျိုးသားအသင်းတို့ ကစားမယ့် ချစ်ကြည်ရေး Baseball ပွဲကိုလည်း သမ္မတ အိုဘားမား သွားရောက်အားပေးမှာ ဖြစ်ပါတယ်။ တနင်္လာနေ့တုန်းကတော့ သမ္မတအိုဘားမားဟာ ကျူးဘားသမ္မတ Raul Castro နဲ့ တွေ့ဆုံခဲ့ပါတယ်၊

အမေရိကန်နဲ့ Cuba ၂ နိုင်ငံကြား ဆက်ဆံရေးတိုးတက်မှုကို သမ္မတအိုဘားမားက ချီးကျုးခဲ့ပေမဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပိုင်းမှာတော့ ၂ နိုင်ငံကြားမှာ အလွန်လေးနက်တဲ့ ကွာခြားမှုတွေ ရှိနေသေးတယ်လို့ အသိအမှတ်ပြုပြောခဲ့ပါတယ်၊ ခေါင်းဆောင် ၂ ယောက်ကြား ဆွေးနွေးအပြီး ပူးတွဲပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုအချိန်ဟာ ကျူးဘားလူထုတွေအတွက် မျှော်လင့်ချက်အချိန်ကျရောက်ပြီလို့ သမ္မတ အိုဘားမားက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

လူ့အခွင့်အရေးအခြေအနေနဲ့ ပတ်သတ်လို့ အမေရိကန်က ပြတ်ပြတ်သားသား ဆက်ပြီး ပြောသွားမှာဖြစ်တယ်ဆိုတာကို သမ္မတ Castro ကို ရှင်းရှင်းပြောခဲ့ကြောင်းနဲ့ Cuba နိုင်ငံရဲ့ အနာဂတ်ကို Cuba ပြည်သူတွေကပဲ အဆုံးအဖြတ်ပေးနိုင်မှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်၊ အဲဒီသတင်းစာရှင်းပွဲမှာ Cuba သမ္မတကလဲ ရှားရှားပါးပါး သတင်းထောက်တွေရဲ့ အမေးတွေကို ဖြေခဲ့ပါတယ်။

XS
SM
MD
LG