သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖမ်းဆီးခံ အစ္စရေးလ် စစ်သား ပြန်လွှတ်ဖို့ အိုဘားမားတောင်းဆို


အမေရိကန်သမ္မတ Barack Obama အိမ်ဖြူတော်တွင် မိန့်ခွန်းပြော၊ (သြဂုတ် ၁၊ ၂၀၁၄)။
အမေရိကန်သမ္မတ Barack Obama အိမ်ဖြူတော်တွင် မိန့်ခွန်းပြော၊ (သြဂုတ် ၁၊ ၂၀၁၄)။

ဟာမားစ်အဖွဲ့အနေနဲ့ သောကြာနေ့ကတိုက်ခိုက်မှုတွေအတွင်း ဖမ်းဆီးလိုက်တဲ့ အစ္စရေးလ်စစ်သားကို ချွင်းချက်မရှိ ချက်ချင်း ပြန်လွှတ်ပေးရမယ်လို့ အမေရိကန်သမ္မတ ဘရက်ခ်အိုဘားမားက ပြောကြားလိုက်ပါတယ်။
ဟာမားစ်အဖွဲ့အနေနဲ့ ဂါဇာကအခြေအနေတွေကို ပြေလည်ဖို့ ကြိုးပမ်းတဲ့နေရာမှာ အလေးအနက်ရှိတယ်ဆိုရင် အဲဒီအစ္စရေးလ်စစ်သားကို ပြန်လွှတ်ပေးရမယ်လို့ အိမ်ဖြူတော်မှာ သောကြာနေ့က ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲအတွင်း သမ္မတက ပြောကြားလိုက်ပါတယ်။

တိုက်ခိုက်မှုတွေကို ရပ်တန့်မယ်ဆိုပြီး ဟာမားစ်ဘက်ကပေးထားတဲ့ကတိကို အစ္စရေးလ် နဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက ယုံကြည်မှုမရှိဘူးဆိုရင် ပျက်သွားတဲ့ အပစ်အခတ်ရပ်စဲရေးကို ပြန်လုပ်ဖို့က အရမ်းကို ခက်လိမ့်မယ်လို့ သမ္မတအိုဘားမားက ပြောပါတယ်။

အစ္စရေးလ်အနေနဲ့ ဟာမားစ်တို့ရဲ့ တိုက်ခိုက်မှုတွေကို ကာကွယ်ပိုင်ခွင့်ရှိတယ်လို့ သမ္မတအိုဘားမားက ထပ်လောင်း ပြောကြားသွားခဲ့ပါတယ်။ ဒါပေမဲ့ ပါလက်စတိုင်းအရပ်သားပြည်သူတွေသေဆုံးတာဟာ ဝမ်းနည်းစရာကောင်းပြီး၊ အရပ်သားတွေကို ကာကွယ်နိုင်ဖို့အတွက် ဘာမဆိုလုပ် သွားရမှာဖြစ်တယ်လို့ ပြောပါတယ်။

သောကြာနေ့က ၇၂ နာရီကြာ အပစ်ရပ်ဖို့ သဘောတူညီထားတာဟာ ၁ နာရီသာ ခံခဲ့ပြီး၊ အဲဒီနောက်တော့ ရာဖာဒေသနားမှာ လှိုဏ်ခေါင်းတွေကို ဖျက်နေတဲ့ အစ္စရေးလ်စစ်သားတွေကို အသေခံဗုံးခွဲသမားက တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ အစ္စရေးလ်စစ်သား ၂ ယောက်သေဆုံးခဲ့ပြီး၊ ၁ ယောက် ပြန်ပေးဆွဲခံခဲ့ရတတယ်လို့ အစ္စရေးလ်ဘက်က ပြောပါတယ်။ ဟာမားစ်ဘက်ကတော့ အစ္စရေးလ်တွေဘက်က အပစ်ရပ်စဲရေးကို ဖျက်တာလို့ အပြစ်တင်လိုက်ပါတယ်။

XS
SM
MD
LG