သုံးရလွယ်ကူစေသည့် Link များ

အမေရိကန်သမ္မတ Barack Obama ကျူးဘားနိုင်ငံကို ရှေ့သီတင်းပတ်အတွင်း သမိုင်းဝင် အလည်အပတ် ခရီးစဉ်မတိုင်ခင်မှာ ကျူးဘားနိုင်ငံဆိုင်ရာ ခရီးသွားလာခွင့်နဲ့ ကုန်သွယ်ရေးဆိုင်ရာ ကန့်သတ်ချက်တွေ အပြောင်းအလဲအသစ်တွေကို သမ္မတ အိမ်ဖြူတော်က ကြေညာလိုက်ပါတယ်။

ကန့်သတ်မှုတွေကို လျှော့ချလိုက်တဲ့ ကြေညာချက်ဟာ ပြီးခဲ့တဲ့နှစ်အတွင်း နှစ်နိုင်ငံ သံတမန် ဆက်ဆံရေးတွေ တရားဝင် ပြန်လည် တည်ဆောက်ပြီးတဲ့နောက် နှစ်နိုင်ငံအကြားက ဆက်ဆံရေးကို တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်မှုတွေထဲက နောက်ဆုံး လုပ်ရပ်လည်း ဖြစ်ပါတယ်။

ပြောင်းလဲမှုအသစ်တွေထဲမှာ အမေရိကန်နိုင်ငံသား တဦးချင်းအနေနဲ့ ကျူးဘားနိုင်ငံကို ပညာရေးဆိုင်ရာကိစ္စရပ်တွေနဲ့ သွားရောက်နိုင်ရေး လမ်းဖွင့်ပေးတာ၊ အမေရိကန်နိုင်ငံထဲမှာ ကျူးဘားနိုင်ငံသားတွေ လစာနဲ့ အလုပ်လုပ်ခွင့် ရရှိကြမှာဖြစ်သလို နှစ်နိုင်ငံအကြား စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးတက်လာရေးအတွက် ကုန်သွယ်ရေးနဲ့ ငွေကြေးဆိုင်ရာ အတားအဆီးတွေကို လျှော့ချပေးတာတွေ ပါဝင်ပါတယ်။

ပိတ်ဆို့ ကန့်သတ်မှုတွေ လျှော့ချပေးလိုက်တာဟာ ကျူးဘားနိုင်ငံသားတွေ လုပ်ပိုင်ခွင့်တွေ ပိုမိုရရှိရေးနဲ့ သူတို့ရဲ့ ဘ၀တွေ မြှင့်တင်ရေးအတွက် ရည်ရွယ် လုပ်ဆောင်ခြင်းဖြစ်ကြောင်း အိမ်ဖြူတော်ရဲ့ လက်ထောက် အမျိုးသားလုံခြုံရေးအကြံပေး Ben Rhodes က သတင်းထောက်တွေနဲ့ တယ်လီဖုန်းကတဆင့် ပြုလုပ်တဲ့ မေးမြန်းခန်းအတွင်း ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG