သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျန်းမာရေးအာမခံ Website ပီပြင်ရေး အိုဘားမား တာဝန်ယူ


မကြာသေးခင်က စတင်ခဲ့တဲ့ အမေရိကန် ကျန်းမာရေးအာမခံ အင်တာနက် ဝဘ်ဆိုက် ပြဿနာတွေနဲ့ပတ်သက်လို့ သူ့အနေနဲ့ လုံး၀ တာဝန်ယူကြောင်း သမ္မတ အိုဘားမား က ပြောလိုက်ပါတယ်။

ကျန်းမာရေးအာမခံကို ဝယ်ယူဖို့ လူအများက အဲဒီဝဘ်ဆိုက်ကို သွားရောက် ကြည့်ရှုတဲ့အတွက် ဝဘ်ဆိုက်ဟာ အရမ်းနှေးသွားခဲ့တဲ့အကြောင်း သမ္မတက မနေ့က ဘော်စတွန်မြို့မှာ ပြောသွားခဲ့တာပါ။ သူ့အနေနဲ့ အခုလို ဖြစ်ရတဲ့အတွက် စိတ်မကောင်းကြောင်းနဲ့ ဒီအတွက် ဘာအကြောင်းပြချက်မှ ပေးဖို့ မသင့်ကြောင်းလည်း ပြောသွားခဲ့ပါတယ်။

ဒါပေမဲ့ Obamacare လို့ အများက ခေါ်ကြတဲ့ ဒီဝဘ်ဆိုက်ဟာ အမေရိကန် နိုင်ငံသားတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှု အာမခံ ဝယ်ယူနိုင်ဖို့ အလွယ်ကူဆုံး ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ အစောပိုင်းက ကျန်းမာရေးနဲ့ လူမှုဖူလုံရေးဝန်ကြီး Kathleen Sebelius က လွှတ်တော်ကော်မတီကို မေတ္တာရပ်ခံခဲ့ပါတယ်။ ဒီနည်းပညာပိုင်းဆိုင်ရာ ပြဿနာဟာ ရုတ်တရက် ပျက်စီးမှု တခုဖြစ်တယ်လို့ သူကပြောပါတယ်။ ဒီဝဘ်ဆိုက်ပြဿနာကို ဖြေရှင်းဖို့ အစီအစဉ်အသစ် စတင်နေပြီး တချို့လည်း ပိုကောင်းလာတယ်လို့ သူကပြောသွားခဲ့ပါတယ်။
XS
SM
MD
LG