သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတအိုဘားမား အစ်ပွဲတော်ရက် သဝဏ်လွှာပို့


အမေရိကန်သမ္မတ Barack Obama

အစ္စလာမ်ဘာသာဝင်တို့အတွက် ဘာသာရေးအရ အရေးအကြီးဆုံးဖြစ်တဲ့ Eid al Adha အစ်ပွဲတော်နေ့အတွက် အမေရိကန်သမ္မတ Barack Obama က နှုတ်ဆက်ဆုတောင်းမှုအတွင်း ကမ္ဘာတဝန်း ဒုက္ခသည်တွေရဲ့ အရေးကိုပါထည့်သွင်းပြောကြားခဲ့ပါတယ်။

ခုလိုဘာသာရေး အထွဋ်အမြတ်နေ့မျိုးမှာ မိသားစုတွေနဲ့ ကွဲကွာနေကြပြီး၊ အနာဂါတ်ဘာဖြစ်မယ်မှန်း မရေရာပေမဲ့ ကောင်းမွန်တဲ့ မနက်ဖြန်အတွက်မျှော်လင့်နေကြတဲ့ ဒုက္ခသည်သန်းနဲ့ချီ ကမ္ဘာတဝန်းမှာ ရှိနေကြတယ်ဆိုတာ အမှတ်ရစေတယ်လို့ သမ္မတအိုဘားမားရဲ့ ဆုတောင်းကြေညာချက်မှာ ဖော်ပြထားပါတယ်။

စစ်ပွဲတွေကြောင့် နေရပ်စွန်ခွာ ထွက်ပြေးနေကြရသူတွေကနေ ပိုမိုကောင်းမွန်တဲ့ ဘဝရှာဖွေသူတွေအထိ သူစိမ်းတွေကို အမေရိကန်ပြည်ထောင်စုက ကိုယ်ချင်းစာစိတ်နဲ့ လက်ကမ်းကြိုဆိုဖို့ ဆက်ပြီး သဓိဌာန်ချထားတယ်လို့လဲ သမ္မတအိုဘားမားက ပြောထားပါတယ်။ အစ်ပွဲတော်ဟာ ဘာသာယုံကြည်မှုကြောင့် ကွဲပြားမှုတွေ၊ နယ်နိမိတ် အတားအဆီးတွေကို ကျော်လွှားပြီး ရင်းနှီး၊ ချစ်ခင်မှုဆိုတဲ့ ခေါင်းစဉ်အောက်မှာ စည်းလုံးမှုရှိစေတဲ့ ပွဲတော်ဖြစ်တယ်လို့လည်း သမ္မတက ပြောပါတယ်။

သမ္မတအိုဘားမား အစ်ပွဲတော်ရက် သဝဏ်လွှာပို့
please wait

No media source currently available

0:00 0:00:56 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG