သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုဘားမား အာဖရိကခရီးစဉ် အဆုံးသတ်


မှန်ကန်တဲ့ ချဉ်းကပ်လုပ်ဆောင်မှုရှိမယ်ဆိုရင် အာဖရိကတိုက်ရဲ့ ပြည်သူတွေအနေနဲ့ စီးပွားလူမှုရေး ကုံလုံကြွယ်ဝမှုတွေနဲ့ ပြည့်ဝတဲ့ ခေတ်သစ်တခုကို လျှောက်လှမ်းနိုင်တော့မယ်လို့ အာဖရိက ၃ နိုင်ငံခရီးစဉ် ပြီးဆုံးသွားချိန်မှာ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က ပြောဆိုလိုက်ပါတယ်။
အမေရိကန်နဲ့ တန်ဇန်းနီးယား ဖက်စပ် ဆောင်ရွက်တဲ့ အစီအစဉ်အောက်မှာ အရင်က လည်ပတ်မှုတွေ ရပ်နားခဲ့တဲ့ စွမ်းအင်စက်ရုံတခုကို အလည်အပတ်သွားရောက်ပြီး မိန့်ခွန်းပြောကြားခဲ့ပြီးတဲ့နောက် အင်္ဂါနေ့ကတော့ သမ္မတ အိုဘားမားဟာ အာဖရိကတိုက်က ပြန်လည် ထွက်ခွာလာခဲ့ပါတယ်။

အာဖရိကတိုက်ရဲ့ စီးပွားရေး ပိုမိုကောင်းမွန်အောင် ကြိုးပမ်းမှုနဲ့အတူ အာဖရိကန်ပြည်သူတွေ လျှပ်စစ်ဓာတ်အား ပိုရရှိရေး အစီအစဉ်အတွက် အမေရိကန်သမ္မတက ဒေါ်လာ ရ ဘီလီယံ တိုးမြှင့်ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

သမ္မတ အိုဘားမား ဟာ သီတင်းတပတ်ကြာ အာဖရိကခရီးစဉ် အဆုံးသတ်ချိန်မှာ ရာနဲ့ချီတဲ့ တန်ဇန်းနီးယား ပြည်သူတွေက အမေရိကန်သမ္မတကို အလံတွေနဲ့ ဝှေ့ယမ်းနှုတ်ဆက်ခဲ့ကြပြီး တန်ဇန်းနီးယားသမ္မတ ဂျကာယာ ကီကွေးတီး (Jakaya Kikwete) ကလည်း သမ္မတ အိုဘားမားကို Dar es Salaam လေဆိပ်မှာ အခမ်းအနား နဲ့ ပို့ဆောင်နှုတ်ဆက်ခဲ့ပါတယ်။

အင်္ဂါနေ့အစောပိုင်းကတော့ ၁၉၉၈ ခုနှစ်က Dar es Salaam မြို့မှာရှိတဲ့ အမေရိကန်သံရုံး ဗုံးခွဲတိုက်ခိုက်မှုမှာ သေဆုံးခဲ့ရသူ ၁၁ ဦးကို အမေရိကန် သမ္မတဟောင်း ဂျော့ရှ် ဒဘလျူ ဘုရှ် (George W Bush) နဲ့ သမ္မတ အိုဘားမားတို့ အတူဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ပန်းခွေချ ဂုဏ်ပြုခဲ့ကြပါတယ
XS
SM
MD
LG