သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားအပေါ် ပိတ်ဆို့ ဒဏ်ခတ်မှုသစ်တွေ အိုဘားမားကြေညာ


အိုဘားမား ရုရှနဲ့ပတ်သတ်တဲ့ကြေညာချက် အိမ်ဖြူတော်မှာ ကြေညာစဉ်။ (မတ် ၂၀၊ ၂၀၁၄)
အိုဘားမား ရုရှနဲ့ပတ်သတ်တဲ့ကြေညာချက် အိမ်ဖြူတော်မှာ ကြေညာစဉ်။ (မတ် ၂၀၊ ၂၀၁၄)
ခရိုင်းမီးယား ဒေသကို ရုရှားက ကျူးကျော်သိမ်းပိုက်မှုအတွက် အရေးယူ ဒဏ်ခတ်မှု အသစ်တွေ ချမှတ်လိုက်ကြောင်း အမေရိကန် သမ္မတ
Barack Obama ကြေညာခဲ့တာကို တုန့်ပြန်တဲ့အနေနဲ့ ရုရှားက အမေရိကန် လွှတ်တော်အမတ်တွေ နဲ့ အရာရှိတွေ စုစုပေါင်း ၉ ဦးကို အရေးယူ ဒဏ်ခတ်လိုက်ပါတယ်။

အမေရိကန်သမ္မတက ကြာသပတေးနေ့မှာ ရုရှားကို အရေးယူဒဏ်ခတ်မှုအတွက် နောက်ထပ် လူပုဂ္ဂိုလ်တွေနဲ့ ပင်လယ်နက် ကျွန်းဆွယ်ဒေသကို ရုရှားကျူးကျော်သိမ်းပိုက်မှုမှာ ပါဝင်ပါတ်သက်မှုရှိတဲ့ ဘဏ်တခုကိုပါ ထည့်သွင်းလိုက်တယ်လို့ပြောကြားခဲ့တာပါ။

အစောပိုင်းတုန်းကတော့ ယူကရိန်းဆိုင်ရာ ရုရှားရဲ့ လုပ်ဆောင်မှုတွေမှာ ပါဝင်ပါတ်သက်သူ အများအပြားအတွက် ခရီးသွားလာခွင့်နဲ့ သူတို့ရဲ့ စီးပွါးရေးလုပ်ငန်း တွေ အတွက်သာ အရေးယူထားခဲ့တာဖြစ်ပါတယ်။

ရုရှားရဲ့ စီးပွါးရေးကဏ္ဍဆိုင်ရာမှာ တိုးချဲ့အရေးယူဖို့ တချို့လူပုဂ္ဂိုလ်တွေကိုပါ ထပ်တိုးဖို့ စဉ်းစားနေကြောင်းလည်း သမ္မတအိုဘားမားက ပြောပါတယ်။ ခရိုင်းမီးယားရဲ့ အခြေအနေတွေအတွက် သူအထူးစိုးရိမ်ကြောင်းနဲ့ ရုရှားရဲ့ လုပ်ဆောင်မှုကို တုန့်ပြန်ဖို့ ဥရောပမိတ်ဆွေတွေနဲ့ အတူ လက်တွဲ ဆောင်ရွက်နေကြောင်းလည်း ပြောပါတယ်။

အမေရိကန်ရဲ့ လုပ်ဆောင်မှုကို တုန့်ပြန်တဲ့အနေနဲ့ ကြာသပတေးနေ့နှောင်းပိုင်းမှာ ရုရှား နိုင်ငံခြားရေး ဝန်ကြီးဌာနက အမေရိကန်အရာရှိ ၉ ဦးကို အရေးယူ ဒဏ်ခတ်လိုက်ကြောင်း ကြေညာလိုက်ပြီး ဒီအထဲမှာ ရီပတ်ဘလစ်ကင် အထက်လွှတ်တော်အမတ် John McCain ဒီမိုကရက်တစ် အထက်လွှတ်တော်အများစုအမတ် Harry Reid နဲ့ ရီပါတ်ဘလစ်ကင် အောက်လွှတ်တော် ဥက္ကဋ္ဌJohn Boehner တို့လည်း ပါဝင်ပါတယ်။

တချိန်ထဲမှာပဲ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry ကတော့ ဒုတိယကမ္ဘာစစ်နှောင်းပိုင်းမှာ နိုင်ငံတနိုင်ငံပျက်စီးအောင် လုပ်ဆောင်မှု ကို အမေရိကန်အစိုးရက လက်မခံဘူးလို့ ဆိုပါတယ်။

ဥရောပခေါင်းဆောင်တွေကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ ခရိုင်းမီးယား ပြဿနာကို ဆွေးနွေးဖို့ ဘရပ်ဆဲလ်မှာ တွေ့ဆုံနေကြပြီး ရုရှားနဲ့ ခရိုင်းမီးယားအရာရှိ ၂၁ ဦးအတွက် ခရီးသွားလာခွင့်နဲ့ ပိုင်ဆိုင်မှုထိန်းချုပ်တဲ့ အရေးယူဒဏ်ခတ်မှုတွေ ချမှတ်ထားတဲ့စာရင်းမှာ နောက်ထပ်နာမည်တွေ ထပ်ပြီး ထည့်သွင်းမယ်လို့ မျှော်လင့်ရပါတယ်။
XS
SM
MD
LG