ကမ္ဘာ့စီးပွားရေး အင်အားကြီးနိုင်ငံ (၂၀) ခေါင်းဆောင်တွေအနေနဲ့ ကမ္ဘာတ၀ှမ်း ဖွံ့ဖြိုးတိုးတက်မှုကို ဟန်ချက်ညီညီနဲ့ ရေရှည်ထိန်းသွားနိုင်ဖို့အတွက် အရေးတယူ ဆောင်ရွက်ကြလိမ့်မယ်လို့ သမ္မတအိုဘားမားက မျှော်မှန်းထားကြောင်း ပြောဆိုလိုက်ပါတယ်။
တရုတ်နဲ့ ဂျာမဏီနိုင်ငံတွေမှာ ကုန်သွယ်ရေး ကုန်သွယ်ပြမှု အကြီးအကျယ်ရှိနေပြီး အမေရိကန်ပြည်ထောင်စုမှာတော့ လိုငွေ အကြီးအကျယ်ပြနေတာကြောင့် ထိပ်သီးညီလာခံအကြို ဆွေးနွေးနှီးနှောမှုတွေမှာ အတော်လေး ကသိကအောက် ဖြစ်နေကြရပါတယ်။
တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ ကျင်းပမယ့် G-20 စက်မှုနိုင်ငံ (၂၀) ထိပ်သီးညီလာခံကို ဒီကနေ့ စတင်လိုက်ပြီး အလုပ်သဘော ညစာစားပွဲနဲ့ ဆက်လက်ဆွေးနွေးခဲ့ကြပါတယ်။
အိမ်ရှင်တောင်ကိုရီးယားသမ္မတ အီမြောင်ဘတ်နဲ့ သမ္မတ အိုဘားမားတို့က ဒီညီလာခံကနေ ကမ္ဘာတ၀ှမ်း ဖွံ့ဖြိုးတိုးတက်မှုအတွက် ယန္တရားသဖွယ် ပံ့ပိုးပေးနေပြီး စီးပွားရေးဟန်ချက်ညီအောင် ဆောင်ကျဉ်းပေးနိုင်မယ်လို့ ယုံကြည်ကြတဲ့အကြောင်း သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။