သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုဘားမား ဟီရိုရှီးမားသွားတဲ့ ပထမဆုံး အမေရိကန် သမ္မတ ဖြစ်နိုင်


နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင်တွေ စုဝေး ဆုံဆည်းကြမယ့် ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့က အခမ်းအနား တခုကို ၂၀၀၉ ခုနှစ် နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ပါ တက်ရောက်ဖို့ ကမ္ဘာ့လက်ရှိ ခေါင်းဆောင်တဦးနဲ့ ခေါင်းဆောင်ဟောင်း ၄ ဦး၊ စုစုပေါင်း ၅ ဦးက စာရေးသား တောင်းဆိုခဲ့ပါတယ်။

ဒီစာကို ဆိုဗီယက် ရုရှား သမ္မတဟောင်း မစ်ခေးလ် ဂေါ်ဘာချော့ဗ် (Mikhail Gorbachev)၊ ပိုလန်သမ္မတဟောင်း လက် ဝါလီဆာ (Lech Walesa)၊ တောင်အာဖရိက သမ္မတဟောင်း ဖရက်ဒရစ် ဒီကလာ့က် (Frederik de Klerk)၊ ကော်စတာရီကာ သမ္မတဟောင်း အော်စကာ အေရီယယ် ဆန်းချက်ဇ် (Óscar Arias Sánchez) နဲ့ လက်ရှိ အရှေ့တီမော သမ္မတ ဂျိုဆေး ရာမို့စ်-ဟော်တာ (Jose Ramos-Horta) တို့က လက်မှတ် ရေးထိုးကြတာ ဖြစ်ပါတယ်။

သမ္မတ အိုဘားမားကတော့ နိုဝင်ဘာလထဲ ကျင်းပမယ့် ဒီအခမ်းအနားကို တက်ရောက်မယ်၊ မတက်ရောက်ဘူး ဆိုတာကို မကြေညာသေးပါဘူး။

အကယ်၍ သမ္မတ အိုဘားမားသာ ဟီရိုရှီးမားမြို့က ဒီအခမ်းအနားကို ပါဝင် တက်ရောက်ခဲ့မယ်ဆိုရင် ဒါဟာ ဒုတိယကမ္ဘာစစ်ကြီး ပြီးခါနီး ၁၉၄၅ သြဂုတ်လ ၆ ရက်နေ့ ဟီရိုရှီးမားမြို့ကို အမေရိကန်က အဏုမြူဗုံး ကျဲခဲ့ပြီးနောက် ဟီရိုရှီးမားကို ပထမဆုံး ရောက်ရှိလာခဲ့တဲ့ အမေရိကန် သမ္မတ ဖြစ်လာမှာပါ။

ဒီအခမ်းအနားကို မတက်ဖြစ်ရင်တောင် နိုဝင်ဘာ ၁၃ ရက်နဲ့ ၁၄ ရက်နေ့ ဂျပန်နိုင်ငံမှာ ကျင်းပမယ့် အာရှ၊ ပစိဖိတ်ဒေသ ခေါင်းဆောင်တွေရဲ့ ထိပ်သီးညီလာခံကိုတော့ သမ္မတ အိုဘားမား တက်ရောက်မှာ ဖြစ်ပါတယ်။

XS
SM
MD
LG