သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျဆုံးစစ်သည်တွေ အောက်မေ့ဖွယ်နေ့ Obama ဂုဏ်ပြု

သမ္မတ Barack Obama (ဗဟို) Memorial Day အခမ်းအနားကို အာလင်တန်းစစ်သချုႋင်းမှာ ကျဆုံးစစ်သည်များအား ဂုဏ်ပြုစကားပြောကြားစဉ်။ (မေ ၂၅၊ ၂၀၁၅)
သမ္မတ Barack Obama (ဗဟို) Memorial Day အခမ်းအနားကို အာလင်တန်းစစ်သချုႋင်းမှာ ကျဆုံးစစ်သည်များအား ဂုဏ်ပြုစကားပြောကြားစဉ်။ (မေ ၂၅၊ ၂၀၁၅)

တနင်္လာနေ့မှာ ကျရောက်တဲ့ အမေရိကန်နိုင်ငံရဲ့Memorial Day -လို့ခေါ်တဲ့ ကျဆုံးသွားကြတဲ့ စစ်သည်များ အမှတ်ရအောက်မေ့ဘွယ်နေ့မှာ သမ္မတ Barack Obama ဟာ အညတရစစ်သည် အုတ်ဂူမှာ လွမ်းသူပန်းခွေချ ဂါရဝပြုခဲ့ပါတယ်။

ဝါရှင်တန် ဒီစီမြို့တော် အပြင်မှာရှိတဲ့ Arlington အမျိုးသားစစ်သချုႋင်းမှာ ကျင်းပတဲ့ အမှတ်ရအောက်မေ့ဘွယ်နေ့ အခမ်းအနားကို ဂုဏ်သရေရှိ ပုဂ္ဂိုလ်တွေ၊ စစ်မှုထမ်းတွေနဲ့ ကျဆုံးသွားကြတဲ့ စစ်သည်တွေရဲ့ မိသားစုဝင်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။

အမေရိကန်ပြည်ထောင်စု လွတ်လပ်ပြီး လုံခြုံ အေးချမ်းမှုရှိအောင် အသက်ပေးသွားကြတဲ့ စစ်မှုထမ်းတွေကို အောက်မေ့ သတိရကြဖို့လည်းအခမ်းအနားမှာ ပြောကြားတဲ့ မိန့်ခွန်းအတွင်း သမ္မတ အိုဘားမားက ထည့်သွင်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ဒီနှစ်အတွက် အမှတ်ရ အောက်မေ့ဘွယ်နေ့ဟာ အာဖရန်နစ္စတန် စစ်ပွဲပြီးဆုံးပြီးနောက်မှာ ပထမဆုံး အကြိမ် ကျင်းပတဲ့ အမှတ်ရ အောက်မေ့ဘွယ်နေ့ ဖြစ်တဲ့အကြောင်းလည်း သမ္မတ အိုဘားမားက ထည့်သွင်း ပြောကြားခဲ့ပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံဟာ အန္တရာယ်များတဲ့ တိုင်းပြည်အဖြစ် ဆက်လက် တည်ရှိနေတုန်းဖြစ်ပြီး အဲဒီမှာ အာဖဂန်စစ်သားတွေကို သင်တန်းပေးဖို့နဲ့ လိုအပ်တဲ့ အကူအညီတွေပေးဖို့အတွက် အမေရိကန်တပ်ဖွဲ့ဝင် ၁၀,၀၀၀ ကျော်သာ ကျန်တော့ကြောင်းလည်း သမ္မတ အိုဘားမားက ပြောပါတယ်။

တိုင်းပြည်အတွက် အသက်ပေးလှုသွားခဲ့ကြတဲ့ စစ်မှုထမ်းတွေကို အမေရိကန်ပြည်ထောင်စုက နှစ်စဉ် မေလရဲ့ နောက်ဆုံး တနင်္လာနေ့မှာ အမှတ်ရ အောက်မေ့ဘွယ်နေ့အဖြစ် သတ်မှတ်ပြီး ဂုဏ်ပြုကြတဲ့ အစဉ်အလာ ရှိပါတယ်။

ဒီကနေ့မှာ တိုင်းပြည်အတွင်းက မြို့အတော်များများမှာ ချီတက်ပွဲတွေ၊ မျိုးချစ်စိတ် ထက်သန်စေတဲ့ သီဆို ဖျော်ဖြေပွဲတွေနဲ့ စည်စည်ကားကား ဆင်နွဲကြလေ့ရှိပေမယ့် တချို့ သူတွေကတော့ အမေရိကန်ပြည်ထောင်စုအတွက် သူတို့ရဲ့အသက်ကို ပေးဆပ်သွားခဲ့ကြတဲ့ စစ်သည်တွေရဲ့ ဘဝတွေအကြောင်း ပြန်ပြောင်း အောက်မေ့သတိရကြပါတယ်။

တနင်္ဂနွေနေ့တုန်းကလည်း စစ်အတွင်း ပျောက်ဆုံးနေကြတဲ့ စစ်မှုထမ်းတွေနဲ့ စစ်သုန်းပန်းအဖြစ် ဖမ်းဆီးခံထားရသူတွေအရေး အာရုံစိုက် လုပ်ဆောင်လာဖို့ ဆော်သြတဲ့အနေနဲ့ Rolling Thunder လို့ခေါ်တဲ့ အနယ်နယ်အရပ်ရပ်က ထောင် သောင်းချီတဲ့ မော်တော်ဆိုင်ကယ် စီးနှင်းလာသူတွေ ဝါရှင်တန် ဒီစီမြို့မှာ အင်အားပြခဲ့ကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG