သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒိုနီးရှား တိုးတက်မှု အိုဘားမား ချီးကျူး


အင်ဒိုနီးရှား တိုးတက်မှု အိုဘားမား ချီးကျူး

ကမ္ဘာပေါ်မှာ မွတ်ဆလင် အများဆုံး နေထိုင်ကြတဲ့ အင်ဒိုနီးရှားနိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ဟာ အစ္စလာမ်ကမ္ဘာကို ရည်ရွယ်ပြီး အရေးပါတဲ့ မိန့်ခွန်းတခု ပြောဖို့ ရှိနေပါတယ်။

အင်ဒိုနီးရှားနိုင်ငံကို ဒီမိုကရေစီ နိုင်ငံအဖြစ် ပေါ်ထွက်လာနေတဲ့ နိုင်ငံတခုအဖြစ် ဥပမာပေး ပြောဖို့ရှိသလို တခြားဘာသာတွေအပေါ် သည်းညည်းခံ နားလည်ပေးတဲ့ အများစု မွတ်ဆလင်နိုင်ငံကြီးတခု ဖြစ်တယ်လို့ သမ္မတ အိုဘားမားက အင်ဒိုနီးရှား တက္ကသိုလ်မှာ ပြောဖို့ရှိတဲ့ မိန့်ခွန်းထဲမှာ ပြောပါလိမ့်မယ်လို့ သမ္မတရဲ့ အကြံပေးတွေက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်က အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မှာ ပြောခဲ့တဲ့ မိန့်ခွန်းလိုပဲ အမေရိကန် ပြည်ထောင်စုနဲ့ မွတ်ဆလင်ကမ္ဘာကြားမှာ အပြန်အလှန် လေးစားမှု ရှိကြဖို့ အဓိကထား ပြောလိမ့်မယ်လို့ အမေရိကန် အမျိုးသား လုံခြုံရေး ဒုတိယ အကြံပေး ဘန်ရို့ဒ်စ် (Ben Rhodes) က ပြောပါတယ်။

အင်္ဂါနေ့က ဂျကာတာမြို့တော်မှာ လုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာတော့ မွတ်ဆလင်ကမ္ဘာနဲ့ ထိတွေ့ ဆက်ဆံမှုကို အမေရိကန်က အတတ်နိုင်ဆုံး ကြိုးစားခဲ့တယ်ဆိုပြီး သမ္မတ အိုဘားမားက ပြောပါတယ်။ ဒီလို အားထုတ် ဆက်ဆံရေးတွေဟာ ရေရှည်ခံတဲ့ ဆက်ဆံရေး ဖြစ်ပါတယ်လို့လည်း သမ္မတက ပြောပါတယ်။

နှစ်ပေါင်းများစွာ ရှိလာခဲ့တဲ့ တဘက်နဲ့တဘက် အပြန်အလှန် မယုံမကြည် ဖြစ်နေကြတာကိုလည်း လုံးဝ ပျောက်သွားဖို့အတွက် သူ့အနေနဲ့ မမျှော်လင့်ပါဘူး ဆိုပြီးတော့ အင်ဒိုနီးရှားနိုင်ငံကို ရောက်နေတဲ့ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမားက ပြောပါတယ်။

XS
SM
MD
LG