သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရတ်နဲ့ အမေရိကန် သမိုင်းသစ်ဖွင့်


အီရတ်နဲ့ အမေရိကန် သမိုင်းသစ်ဖွင့်
အီရတ်နဲ့ အမေရိကန် သမိုင်းသစ်ဖွင့်

အမေရိကန်တပ်တွေ ရုပ်သိမ်းသွားပြီးတဲ့နောက် ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဉ် တစ်ရပ်ကို အမေရိကန်သမ္မတ ဘရက် အိုဘားမား နဲ့ အီရတ်ဝန်ကြီးချုပ် နိုရီအယ်လ်မလိခီ (Nouri al-Maliki) တို့ ဝါရှင်တန်မှာ တနင်္လာနေ့က တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ အီရတ်နိုင်ငံရဲ့ တည်ငြိမ်ရေးနဲ့ အမျိုးသား လုံခြုံရေး ခိုင်မာတောင့်တင်းရေးအတွက် ခေါင်းဆောင် နှစ်ယောက်လုံးက ကတိကဝတ်ပြုလိုက်ကြပါတယ်။

ဒီမိုကရေစီ တည်ဆောက်ရာမှာ အီရတ်ဟာ အားကျစရာ ပုံစံတစ်ရပ် ဖြစ်နိုင်တယ်လို့ မစ္စတာ အိုဘားမားက ဆိုပါတယ်။ ဒါကြောင့် အီရတ်မှာ အမေရိကန် သွေးမြေကျခဲ့ရတာ မှန်ကန်တယ်လို့ သူက ပြောပါတယ်။ အမေရိကန်တပ်တွေက ဂုဏ်သိက္ခာ မြင့်မားစွာနဲ့ တာဝန်ထမ်းဆောင်ခဲ့ကြပြီး သူတို့ ရုပ်သိမ်းသွားပြီးတဲ့နောက် အီရတ်ကို ဝင်ရောက် မစွက်ဖက်ကြဖို့ တခြားနိုင်ငံတွေကိုလည်း သတိပေးလိုက်ပါတယ်။ သူက အီရန်ကို ရည်ညွှန်းချင်ပုံ ရပါတယ်။

အီရတ်ခေါင်းဆောင်က အမေရိကန်ရဲ့ ကတိကဝတ်တွေအတွက် ကျေးဇူးတင်ကြောင်း ပြောဆိုပါတယ်။ ပူးပေါင်းဆောင်ရွက်ရေးက လိုအပ်နေပြီး အကြမ်းဖက်ဝါဒ ဆန့်ကျင်ရေး၊ လုံခြုံရေးတပ်တွေ လေ့ကျင့်ရေးနဲ့ အီရတ်စစ်တပ်ကို လက်နက်တပ်ဆင်ရေးတွေမှာ အထူးသဖြင့် အရေးကြီးကြောင်း မစ္စတာ မာလိခီက ပြောပါတယ်။ စစ်ပွဲတွေ ၉ နှစ်ကြာခဲ့ပြီးတဲ့နောက် အမေရိကန်တပ်တွေ ရုပ်သိမ်းသွားနိုင်တာက အောင်မြင်မှုကို ပြသနေပါတယ်လို့လည်း သူက ပြောပါတယ်။

ဒီဇင်ဘာလ ၃၁ ရက်နေ့ ှာ နောက်ဆုံးအဆင့် အမေရိကန်တပ်တွေကို ရုပ်သိမ်းပြီးတဲ့နောက် အမေရိကန်နဲ့ အီရတ်တို့ ဘယ်လို ပူးပေါင်းဆောင်ရွက်ကြမယ် ဆိုတာကို တနင်္လာနေ့က အိမ်ဖြူတော်မှာ ခေါင်းဆောင် နှစ်ယောက်တို့က အဓိကထား ဆွေးနွေးခဲ့ကြတာပါ။ ကုန်သွယ်ရေး၊ စွမ်းအင်ကိစ္စ၊ ပညာရေးနဲ့ အီရတ်မှာ အမေရိကန် ရင်းနှီးမြှုပ်နှံရေး ကိစ္စတွေကိုလည်း သူတို့နှစ်ယောက်က ဆွေးနွေးခဲ့ကြပါသေးတယ်။

XS
SM
MD
LG