သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်စစ်ကူနဲ့ Mosul ရေကာတာကို အီရတ်နဲ့ Kurd တပ်တွေပြန်သိမ်း


ဂြိုဟ်တုက ပို့ပေးတဲ့ Mosul ရေကာတာ။
ဂြိုဟ်တုက ပို့ပေးတဲ့ Mosul ရေကာတာ။

အီရတ်နိုင်ငံမှာ Islamic State တိုက်ခိုက်ရေးသမားတွေ သိမ်းယူထားတဲ့ မြောက်ပိုင်းက ဗျူဟာ အချက်အချာကျတဲ့ ဆည်တခုကို အီရတ်နဲ့ ကာ့ဒ်တပ်ဖွဲ့တွေ ပြန်လည်သိမ်းယူနိုင်အောင် အမေရိကန်စစ်ဖက်က အကူအညီပေးခဲ့တယ်လို့ သမ္မတဘရက်ခ်အိုဘားမားက ပြောလိုက်ပါတယ်။

အဲဒီ Mosul ဆည်ကို စစ်သွေးကြွတွေဖက်က ဖွင့်ထုတ် ချိုးဖျက်ပစ်လိုက်မယ်ဆိုရင် အီရတ်မြောက်ပိုင်းနေရာအတော်များများ ရေလွှမ်းမိုးပြီး လူထောင်ဂဏန်းသေဆုံးကာ အတိဒုက္ခရောက်နိုင်တယ်လို့ သမ္မတအိုဘားမားက တနင်္လာနေ့ အိမ်ဖြူတော်မိန့်ခွန်းမှာ ပြောဆိုသွားတာပါ။

အကြမ်းဖက်သမားတွေကို နှိမ်နင်းဖို့နဲ့ ကာ့ဒ်နဲ့ အီရတ်တပ်ဖွဲ့တွေကို လက်နက်နဲ့ အခြားအကူအညီတွေ ထောက်ပံ့ပေးခဲ့တာကြောင့် အီရတ်မှာ အရေးပါတဲ့ တိုးတက်မှုတွေတော့ မြင်လာရပြီလို့ သမ္မတအိုဘားမားက ပြောပါတယ်။ အီရတ်နိုင်ငံရဲ့ ညီညွတ်တဲ့အစိုးရသစ်ကို အမေရိကန်ပြည်ထောင်စုအနေနဲ့ ထောက်ခံသွားမှာဖြစ်ပြီး အီရတ်လူမျိုးတွေအတွက် နိုင်ငံတကာကနေ လူသားချင်းစာနာကူညီမှုတွေပေးနိုင်ရေး နိုင်ငံတကာ ညွန့်ပေါင်း ဖွဲ့စည်း လုပ်ဆောင်သွားမယ်လို့လည်း သမ္မတအိုဘားမားက ပြောခဲ့ပါတယ်။

Mosul ဆည်အနီးမှာရှိတဲ့ အစ္စလာမ်စစ်သွေးကြွတွေကို တနင်္လာနေ့မှာ လေကြောင်းတိုက်ခိုက်မှု ၁၅ ကြိမ်ကျော် ပြုလုပ်ခဲ့တယ်လို့ ပင်တဂွန်စစ်ဌာနချုပ်က ပြောပါတယ်။ စစ်သွေးကြွတွေရဲ့ ခြေကုတ်ယူထားတဲ့နေရာတွေ လက်နက်တွေကို ဖျက်ဆီးတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။

Mosul Dam ဟာဆိုရင် အီရတ်မြောက်ပိုင်းဒေသအတော်များများအတွက် လျှပ်စစ်မီးနဲ့ ဆည်မြောင်းသောက်သုံးရေ ထောက်ပံ့ပေးနေတဲ့ အရေးပါတဲ့ နေရာတခုဖြစ်ပါတယ်။

XS
SM
MD
LG