သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

IS အရေး မဟာမိတ်စစ်ခေါင်းဆောင်တွေနဲ့ သမ္မတ အိုဘားမားတွေ့ဆုံမည်


ဆီးရီးယားနဲ့ အီရတ်နိုင်ငံတို့က IS အစ္စလာမ်မစ် စစ်သွေးကြွတွေကို ညွန့်ပေါင်းတပ်တွေ တိုက်ခိုက်နှိမ်နင်းရေး ကြိုးပမ်မှုတွေနဲ့ ပတ်သတ်ပြီး ဆွေးနွေးကြဖို့ အမေရိကန် သမ္မတ Barack Obama နဲ့ ဟာ အမေရိကန် စစ်ဘက်ဆိုင်ရာ အကြီးအကဲတွေဟာ နိုင်ငံတကာ ကာကွယ်ရေး အဆင့်မြင့်အရာရှိတွေနဲ့ အင်္ဂါနေ့မှာ တွေ့ဆုံဆွေးနွေးမှာ ဖြစ်ပါတယ်။

ဝါရှင်တန်မြို့တော်အပြင်ဘက်က Andrews လေတပ်အခြေစိုက်စခန်းမှာ ပြုလုပ်မယ့် ဒီစည်းဝေးပွဲမှာတော့ ညွန့်ပေါင်းတပ်တွေရဲ့ စစ်ဆင်ရေးမှာ ကြုံရတဲ့ အခက်အခဲ စိန်ခေါ်မှုတွေနဲ့ ရှေ့ဆက် လုပ်ဆောင်ရမယ့် ဗျူဟာတွေကို ဆွေးနွေးကြမှာ ဖြစ်တယ်လို့ အမေရိကန် ပူးတွဲ စစ်ဦးစီးချုပ်များအဖွဲ့ရဲ့ ဥက္ကဌ ဗိုလ်ချုပ်ကြီး Martin Dempsey ရဲ့ ပြောခွင့်ရသူက ပြောပါတယ်။

တူရကီ အပါအဝင် နိုင်ငံပေါင်း ၂၂ နိုင်ငံရဲ့ ကိုယ်စားလှယ်တွေ တက်ရောက်ကြမှာ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ တူရကီနယ်စပ်နဲ့နီးတဲ့ Kobani မြို့ကို ထိန်းချုပ်နိုင်ဖို့ Kurds တိုက်ခိုက်ရေးသမားတွေနဲ့ IS စစ်သွေးကြွတွေ အပြင်းအထန် ဆက်ပြီး တိုက်ခိုက်နေကြပါတယ်။

တနင်္လာနေ့ညကစပြီး အမေရိကန်ဦးဆောင်တဲ့ ညွန့်ပေါင်းတပ်တွေက IS ပစ်မှတ် ၅ နေရာကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ ဗြိတိန်အခြေစိုက် ဆီးရီးယားစောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။ မြို့နဲ့နီးတဲ့ ဗျူဟာကျ တောင်ကုန်းတခုကို Kurds တိုက်ခိုက်ရေးသမားတွေ သိမ်းပိုက်လိုက်နိုင်ပြီး၊ IS ရဲ့ အမဲရောင်အလံကို ဖြုတ်ချခဲ့တယ်လို့ ဒေသတွင်းမှာရှိတဲ့ တတ်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

XS
SM
MD
LG