သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ISIS အစွန်းရောက်အန္တရာယ်ကြီးမားမှု နိုင်ငံကို အိုဘားမားချပြမည်


Islamic State အစ္စလာမ်အစွန်းရောက် စစ်သွေးကြွတွေကို အမေရိကန်က ဘယ်လိုနှိမ်နင်းမယ်ဆိုတဲ့ မဟာဗျူဟာကို သမ္မတ Barack Obama က ဗုဒ္ဓဟူးနေ့ညကျရင် ရုပ်မြင်သံကြားပေါ်ကနေ မိန့်ခွန်းပြောကြား ရှင်းပြမှာဖြစ်ပါတယ်။

နိုင်ငံရဲ့ လုံခြုံရေးအတွက် အင်မတန် အရေးတကြီး ဦးစားပေးရမယ့် ကိစ္စတခုဖြစ်တယ်လို့ သမ္မတအိုဘားမားက ယုံကြည်တဲ့အကြောင်း အိမ်ဖြူတော်ပြောခွင့်ရသူ Josh Earnest က ပြောပါတယ်။

စစ်သွေးကြွတွေရဲ့ အန္တရာယ်နဲ့ Islamic State အစ္စလာမ်အစွန်းရောက်တွေ အင်အား လျော့နည်းသွားစေဖို့နဲ့ သူတို့ကို ဖြိုခွင်းနှိမ်နင်းသွားဖို့ သူ့ရဲ့အစီအစဉ်တွေကို သမ္မတက ပြောပြမှာဖြစ်တယ်လို့ ပြောခွင့်ရသူက ပြော ပါတယ်။

သမ္မတရဲ့ အစီအစဉ် အသေးစိတ်ကို အိမ်ဖြူတော်ပြောခွင့်ရသူ Earnest က မပြောပေမဲ့ အီရတ်ကို အမေရိကန်တပ်တွေကို စေလွှတ်မှာ မဟုတ်ဘူးလို့ သမ္မတအိုဘားမားက ပြောထားပြီး ဖြစ်ပါတယ်။ အင်္ဂါနေ့တုန်းကတော့ သမ္မတအိုဘားမားက သူ့ရဲ့ အစီအစဉ်တွေကို အထက်လွှတ်တော်နဲ့ အောက် လွှတ်တော်က Democratic နဲ့ Republican ခေါင်းဆောင်တွေကို တွေ့ဆုံ ရှင်းပြခဲ့ပါတယ်။

ဆီးရီးယားအပေါ် လေကြောင်းက တိုက်ခိုက်တာ အပါအဝင် Islamic State အစွန်းရောက် စစ်သွေးကြွတွေအပေါ် စစ်ရေး ဆောင်ရွက်မှုမှန်သမျှ မလုပ်ခင်မှာ သမ္မတအနေနဲ့ လွှတ်တော်ရဲ့ ခွင့်ပြုချက်ကို ရယူရမယ်လို့ လွှတ်တော်အမတ်တချို့က အလေးထား ပြောနေကြပါတယ်။ ဒါပေမဲ့ သမ္မတကတော့ သူ့မှာ လုပ်ပိုင်ခွင့်အာဏာ ရှိတယ်လို့ လွှတ်တော်ခေါင်းဆောင်တွေကို ပြောခဲ့တဲ့အကြောင်း အိမ်ဖြူတော်က ပြောပါတယ်။

XS
SM
MD
LG