သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နျူကလီးယား အစည်းအဝေးတက်ဖို့ အိုဘားမား တောင်ကိုရီးယား သွားရောက်


အမေရိကန်သမ္မတ ဘရက်အိုဘားမားဟာ ရှေ့သီတင်းပတ်မှာ ကျင်းပမယ့် နျူကလီးယား လုံခြုံစိတ်ချမှု ဆိုင်ရာ ညီလာခံကို တက်ရောက်ဖို့အတွက် စနေနေ့မှာ တောင်ကိုရီးယားနိုင်ငံကို သွားရောက်တာဖြစ်ပါတယ်။

ဆိုးလ်မြို့တော်မှာ ကျင်းပဖို့စီစဉ်ထားတဲ့ ညီလာခံကြီးကို သမ္မတအိုဘားမားနဲ့ တရုတ်သမ္မတ ဟူကျင်းတောင် အပါအဝင် နိုင်ငံပေါင်း ၅၀ ကျော်က ခေါင်းဆောင်တွေ တက်ရောက်ကြမှာပါ။

သမ္မတ အိုဘားမားဟာ တရုတ်၊ တောင်ကိုရီးယား၊ ကာဇက်စတန်၊ ရုရှား၊ တူရကီ စတဲ့နိုင်တွေရဲ့ ခေါင်းဆောင်တွေနဲ့ ညီလာခံပြင်ပမှာ သီးသန့်တွေ့ဆုံ ဆွေးနွေးဖို့ရှိကြောင်း သမ္မတအိမ်ဖြူတော်က ပြောပါတယ်။

မစ္စတာအိုဘားမားဟာ ပါကစ္စတန်သမ္မတ ယူဆွပ် ရာဇာ ဂီလာနီ နဲ့လည်း တွေ့ဆုံပြီး အာဖဂန်နစ္စတန်က ဦးဆောင်ပြီး တာလီဘန်နဲ့ ပြန်လည် ရင်ကြားစေ့ရေး ညှိနှိုင်းနေမှုအပေါ် အထောက်အပံ့ပေးတဲ့ လုပ်ငန်းစဉ်ကို ပြန်လည်ဆွေးနွေး သုံးသပ်ဖို့ ရှိတယ်လို့ သမ္မတအိမ်ဖြူတော်က သောကြာနေ့မှာ ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

အမေရိကန်သမ္မတဟာ တောင်ကိုရီးယားနိုင်ငံကို ဒေသ စံတော်ချိန် တနင်္ဂနွေနေ့ စောစောပိုင်းမှာ ရောက်ရှိမှာဖြစ်ပြီး ခရီးစဉ်ရဲ့ အစပိုင်းမှာပဲ တောင်နဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံအကြားမှာရှိတဲ့ စစ်မဲ့ဇုန်ကို သွားရောက် လည်ပတ်ဖို့ မျှော်လင့်ထားတယ်လို့ သိရပါတယ်။

XS
SM
MD
LG