သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါတီရေးထက် တိုင်းပြည်ရေး ဦးစားပေးဖို့ သမ္မတ အိုဘားမား အလုပ်သမားနေ့ တိုက်တွန်း


ပါတီရေးထက် တိုင်းပြည်ရေး ဦးစားပေးဖို့ သမ္မတ အိုဘားမား အလုပ်သမားနေ့ တိုက်တွန်း
ပါတီရေးထက် တိုင်းပြည်ရေး ဦးစားပေးဖို့ သမ္မတ အိုဘားမား အလုပ်သမားနေ့ တိုက်တွန်း

အမေရိကန် အလုပ်သမားနေ့ အားလပ်ရက်မှာ သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က အမေရိကန် လုပ်သားတွေကို ချီးကျူး ပြောဆိုလိုက်ပါတယ်။

လမ်းတွေ၊ တံတားတွေ ပြင်ဖို့နဲ့ လခပေးတဲ့အခါ ဖြတ်ထားတဲ့ အခွန်တွေကို လျှော့ချပေးထားတဲ့ ကာလ သက်တမ်းတိုးပေးဖို့အတွက် သူ့ရဲ့ နိုင်ငံရေး အတိုက်အခံတွေ အနေနဲ့ သူ့ကို ထောက်ခံကြဖို့ကိုလည်း ဆော်သြလိုက်ပါတယ်။

မီရှီဂန်ပြည်နယ် ဒိထရွိုက် (Detroit) မြို့က မော်တော်ကား ထုတ်လုပ်ရေးလုပ်ငန်း အလုပ်သမား သမဂ္ဂဝင် အလုပ်သမားတွေကို သမ္မတက တနင်္လာနေ့က သွားရောက် တွေ့ဆုံခဲ့ရာမှာ အခုလို ပြောခဲ့တာပါ။

မီရှီဂန်ပြည်နယ်ဟာ တခါတုန်းကတော့ ကမ္ဘာမှာ အကြီးမားဆုံး ကားထုတ်လုပ်ရာနေရာ ဖြစ်ခဲ့ပေမဲ့ လက်ရှိအခြေအနေမှာတော့ လုပ်ငန်းတွေ သေးကွေးသွားသလို ပျောက်သွားတာတွေလည်း ရှိနေပါတယ်။

ကြာသပတေးနေ့ညမှာ လွှတ်တော် ၂ ရပ်ပေါင်း တက်ရောက်မယ့် အခမ်းအနားမှာ ပြောကြားမယ့် မိန့်ခွန်းထဲမှာ အလုပ်သမားတွေကို အထောက်အကူပြုမယ့် အစီအစဉ်သစ်တွေကို သူ အဆိုပြုမယ်လို့ ဒီမိုကရက် တယောက်ဖြစ်တဲ့ မစ္စတာ အိုဘားမားက ပြောပါတယ်။

အလုပ်အကိုင်တွေ ဖန်တီးနိုင်ဖို့အတွက် အစိုးရအနေနဲ့ ငွေသုံးစွဲမှာကို ထောက်ခံကြဖို့ မစ္စတာ အိုဘားမားက ပြောဆိုနေတာတွေကို အတိုက်အခံ ရီပတ်ဘလီကန် အမတ်တွေက ဆန့်ကျင်နေကြပါတယ်။ ပါတီအရေးထက် တိုင်းပြည်အရေးကို ထိပ်တင်ကြဖို့ သမ္မတက ရီပတ်ဘလီကန် အမတ်တွေကို ပြောပါတယ်။

ပျက်စီးနေတဲ့ လမ်းတွေနဲ့ တံတားတွေကို ပြုပြင်ဖို့ ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ ငွေသုံးစွဲမယ့် အစီအစဉ် အပါအဝင် တခြားကိစ္စတွေကိုလည်း သူက အဆိုပြုလိမ့်မယ်လို့ မစ္စတာ အိုဘားမားက ပြောပါတယ်။

လစာငွေမှာ ကောက်နေကျ အခွန်ကို ၂% လျှော့ကောက်ထားတာက ၈ လ ကြာခဲ့ပြီ ဖြစ်ပေမဲ့ ဒီနှစ်ကုန်မှာ သက်တမ်းကုန်မှာ ဖြစ်တာမို့ သက်တမ်းတိုးပေးဖို့လည်း မစ္စတာ အိုဘားမားက အဆိုပြုမှာ ဖြစ်တယ်လို့ ပြောပါတယ်။

XS
SM
MD
LG