ဆီးရီးယားကို စစ်ရေးအရ အရေးယူဖို့ရာမှာ ကွန်ဂရက်လွှတ်တော်ရဲ့ ထောက်ခံမှုရဖို့အတွက် အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က ဆက်ပြီး တွန်းအားပေးနေပါတယ်။ မစ္စတာ အိုဘားမားရဲ့ အစီအစဉ်အပေါ် လွှတ်တော်အမတ်တချို့က သံသယရှိကြောင်း ထုတ်ပြောကြသလို အထောက်အထားတွေနဲ့ ပတ်သက်ပြီး ရုရှားနိုင်ငံကလည်း မေးခွန်းထုတ်နေတာနဲ့အမျှ သူက ဆက်တွန်းနေတာပါ။
ဆီးရီးယားကို အင်အားသုံး အရေးယူဖို့ သမ္မတကို တောက်လျှောက် တိုက်တွန်းလာခဲ့သူ ထင်ရှားတဲ့ ရီပတ်ဘလီကန် အထက် လွှတ်တော်အမတ် ဂျွန် မက်ကိန်းနဲ့ မစ္စတာ အိုဘားမားဟာ ဒီကနေ့ သမ္မတအိမ်ဖြူတော်မှာ တွေ့ဆုံဖို့ ရှိပါတယ်။
ဆီးရီးယားသမ္မတ ဘာရှာ အယ်လ်-အာဆဒ်ကို ရာထူးက ဖြုတ်ချဖို့ ခြိမ်းခြောက်တဲ့အထိ ထည့်သွင်းပြီး လေကြောင်းကနေ အကန့်အသတ်နဲ့ တိုက်ခိုက်တာထက် ပိုလုပ်သင့်တယ်လို့ မစ္စတာ မက်ကိန်းက တနင်္ဂနွေနေ့မှာ ပြောခဲ့ပါတယ်။
အမေရိကန်စစ်ဘက် ပါဝင် လုပ်ဆောင်သင့်ရဲ့လား ဆိုတာကို မေးခွန်းထုတ်ပြီး ကွန်ဂရက်လွှတ်တော်အမတ်တချို့က မတူကွဲပြားတဲ့ အမြင် ရှိကြပါတယ်။
Damascus မြို့တော်အပြင်ဘက်မှာ ပြီးခဲ့တဲ့လကက အရပ်သားတွေကို ဆီးရီးယားစစ်ဘက်ကနေ အဆိပ်ဓာတ်ငွေ့နဲ့ တိုက်ခိုက်တာကြောင့် လူ ၁ ထောင်ကျော် သေဆုံးခဲ့ရတာကို ပြတဲ့ ထောက်လှမ်းရေး အချက်အလက်တွေကို အမေရိကန် တာဝန်ရှိသူတွေက တနင်္ဂနွေနေ့မှာ လွှတ်တော်အမတ်တချို့ကို ပြခဲ့ပါတယ်။
စစ်ရေးအရ ဆောင်ရွက်ဖို့ကို သမ္မတ အိုဘားမားက ဆိုင်းငံ့ထားလိုက်တဲ့အပေါ် ဆီးရီးယားက တနင်္ဂနွေနေ့မှာ ပျက်ရယ်ပြု လှောင်ပြောင် ပြောဆိုပေမဲ့ တပ်ဖွဲ့တွေနဲ့ စစ်ဘက်ဆိုင်ရာ ပစ္စည်းကိရိယာတွေကို အရပ်သားတွေနေတဲ့ ဒေသတွေဆီ ရွှေ့ပြောင်းနေတယ်ဆိုတဲ့ သတင်းတွေက ထွက်လာပါတယ်။
သြဂုတ်လ ၂၁ ရက်နေ့က တိုက်ခိုက်မှုမှာ ဆီးရီးယားအစိုးရ ပါဝင်ပတ်သက်တယ်ဆိုတဲ့ အထောက်အထားတွေ အိုဘားမားဆီမှာ အလုံအလောက် မရှိတာကြောင့် တိုက်ခိုက်ဖို့ ခြိမ်းခြောက်တာကနေ နောက်ပြန်ဆုတ်သွားတာ ဖြစ်တယ်လို့ ဆီးရီးယား ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Faysal Mikdad က တနင်္ဂနွေနေ့မှာ ပြောခဲ့ပါတယ်။