သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အတွင်း ကျဆုံးခဲ့ကြသူတွေကို သမ္မတ အိုဘားမား ဂုဏ်ပြု


အောက်မေ့ဖွယ်နေ့ အထိမ်းအမှတ် သမ္မတ အိုဘားမား အာလင်တန် စစ်သင်္ချိုင်းတွင် လွမ်းသူ့ပန်းခွေ ချနေစဉ်။ မေ ၃၀၊ ၂၀၁၁။

အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က လက်ရှိ အမေရိကန် ပူးတွဲ စစ်ဦးစီးချုပ်များရဲ့ ဥက္ကဋ္ဌ ရေတပ်ဗိုလ်ချုပ်ကြီး မိုက်ခ် မူလန် (Mike Mullen) ရဲ့ နေရာမှာ ကြည်းတပ် ဗိုလ်ချုပ်ကြီး မာတင် ဒမ်ဆီ (Martin Dempsey) ကို အစားထိုး ခန့်အပ်လိုက်တယ်လို့ ဒီနေ့ အိမ်ဖြူတော် အောက်မေ့ဖွယ် အခမ်းအနားမှာ ပြောဆိုလိုက်ပါတယ်။

တဆက်တည်းမှာပဲ လေဆင်နှာမောင်း မွှေခဲ့လို့ အကြီးအကျယ် ပျက်စီး၊ လူ ၁၄၀ သေဆုံး၊ ၄၄ ယောက် ပျောက်ဆုံးနေဆဲဖြစ်တဲ့ မစ်ဇူရီ (Missouri) ပြည်နယ်၊ ဂျော့ပ်လင် (Joplin) မြို့ကို မနေ့က သွားရောက်ကြည့်ရှု အားပေးခဲ့တဲ့ သမ္မတ အိုဘားမားဟာ ဒီနေ့မှာတော့ အမေရိကန် စစ်ပွဲတွေအတွင်း ကျဆုံးခဲ့တဲ့ စစ်သည်တွေကို အောက်မေ့ဖွယ် အထိမ်းအမှတ်အဖြစ် အလေးပြုလိုက်ပါတယ်။

နှစ်စဉ် မေလရဲ့ နောက်ဆုံး တနင်္လာနေ့ဟာ အမေရိကန် ပြည်ထောင်စုရဲ့ ကျဆုံးစစ်သည်တွေကို အမှတ်တရ ဂုဏ်ပြုတဲ့ အောက်မေ့ဖွယ်နေ့ ဖြစ်ပါတယ်။

ဝါရှင်တန်မြို့ ဆင်ခြေဖုံးမှာရှိတဲ့ အာလင်တန် (Arlington) အမျိုးသား စစ်သင်္ချိုင်းမှာ သမ္မတ အိုဘားမားနဲ့ ဇနီး မစ်ရှဲလ် အိုဘားမား (Michelle Obama) တို့က လွမ်းသူ့ပန်းခွေချ အလေးပြုခဲ့ကြပါတယ်။

ဝါရှင်တန်မြို့တော်တင် မကဘဲ အမေရိကန်နိုင်ငံ တ၀န်းလုံးမှာ ချီတက်ပွဲတွေ၊ အခမ်းအနားတွေနဲ့ ကျဆုံးစစ်သည်တွေကို အောက်မေ့ဖွယ်နေ့အဖြစ် ကျင်းပပေးတာ ဖြစ်ပါတယ်။

အာဖဂန်နစ္စတန်မှာရှိတဲ့ အမေရိကန် တပ်ဖွဲ့တွေကလည်း ၂၀၀၁ ခုနှစ်က စတင်ခဲ့တဲ့ စစ်ပွဲတွေအတွင်း ကျဆုံးခဲ့တဲ့ စစ်သည် ၁,၄၀၀ ကျော်ကို အမှတ်တရ အောက်မေ့ပြီး အလေးပြုလိုက်ကြပါတယ်။

XS
SM
MD
LG