သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတအိုဘားမား မက္ကဆီကိုရောက်


အမေရိကန်သမ္မတ အိုဘားမား နဲ့ မက္ကဆီကို သမ္မတ Enrique Pena Nieto တို့ လက်တွဲနှုတ်ဆက်နေစဉ်။ (မေလ ၂ ရက်၊ ၂၀၁၃)။
အမေရိကန်နဲ့ မက္ကဆီကိုနယ်စပ်ဟာ ဟိုးအရင်နှစ်တွေကထက်စာရင် ဒီကနေ့အချိန်မှာ ပိုပြီး လုံခြုံမှုရှိလာပေမဲ့ အများကြီးလုပ်ဖို့လိုနေသေးတယ်လို့ အမေရိကန်သမ္မတ ဘရက်အိုဘားမား ကပြောပါတယ်။

မက္ကဆီကို နိုင်ငံ Mexico City မြို့တော်မှာ သမ္မတ Enrique Pena Nieto နဲ့ ကြာသပတေးနေ့က တွေ့ဆုံအပြီးမှာ သမ္မတ အိုဘားမားက ခုလို ပြောခဲ့တာဖြစ် ပါတယ်။ လူဝင်မှုကြီးကြပ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စတွေက နှစ်နိုင်ငံစီးပွား ဆက်ဆံမှုမှာ ပိုပြီးလွှမ်းမိုးနေခဲ့တယ်လို့လည်း သမ္မတ အိုဘားမား ကပြောပါတယ်။

အမေရိကန်ပြည်ထောင်စုအနေနဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်သင့်တဲ့ ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ ကြိုးစားနေသလို၊ နှစ်နိုင်ငံ နယ်စပ်တလျှောက်မှာ အကြမ်းဖက်မှုတွေ ဖြစ်စေတဲ့ တရားမဝင် မူးယစ်မှောင်ခိုကူးတာကို တိုက်ဖျက်ဖို့ သန္နိဌာန်ချ ဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။

မက္ကဆီကို သမ္မတသစ် Pena Nieto အနေနဲ့ သူ့နိုင်ငံလုံခြုံရေးပိုင်းမှာ ဘယ်လိုပြုပြင်ပြောင်းလဲ မလဲဆိုတဲ့အပေါ်မူတည်ပြီး အမေရိကန်နဲ့ မက္ကဆီကို လုံခြုံရေးဆိုင်ရာ ဆက်ဆံမှုပါ ပြောင်းလဲသွားမှာဖြစ်တယ်လို့ မက္ကဆီကိုမှာရောက်နေတဲ့ အမေရိကန်သမ္မတ ဘရက်အိုဘားမား ကပြောပါတယ်။
XS
SM
MD
LG