သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် နိုင်ငံခြားရေးပေါ်လစီ အိုဘားမား ကာကွယ်ပြောဆို

သမ္မတအိုဘားမား West Point စစ်တက္ကသိုလ်သို့ သွားရောက်စဉ်။
သမ္မတအိုဘားမား West Point စစ်တက္ကသိုလ်သို့ သွားရောက်စဉ်။
အမေရိကန်တွေအနေနဲ့ မိမိဖာသာ ထီးထီးကြီး ရပ်တည်တာမျိုးဟာ နည်းလမ်းမဟုတ်သလိုဘဲ၊ ပြဿနာတိုင်းကိုလည်း စစ်ရေးနည်းနဲ့ အဖြေရှာဖို့ မလိုဘူးလို့ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမားက ပြောလိုက်ပါတယ်။

အမေရိကန် West Point စစ်တက္ကသိုလ်မှာ သမ္မတအိုဘားမားဟာ သူ့ရဲ့သမ္မတတာဝန်ယူမှု နောက်ဆုံးနှစ်ဆိုင်ရာ နိုင်ငံခြားရေးမူဝါဒတွေနဲ့ ပတ်သက်လို့ မနေ့တုန်းက မိန့်ခွန်းပြောဆိုခဲ့တာပါ။ အကြမ်းဖက်မှုဟာ အမေရိကန်တွေရဲ့ လုံခြုံရေးကို တိုက်ရိုက် ခြိမ်းခြောက်နေဆဲရှိပြီး၊ အကြမ်းဖက်ကွန်ယက်တွေ ခြေချဖို့ ကြိုးပမ်းနေတဲ့ နိုင်ငံတွေနဲ့ လက်တွဲလုပ်ဆောင်သွားဖို့ လိုတယ်လို့ ပြောပါတယ်။

အမေရိကန်ပြည်သူတွေနဲ့ အမေရိကန်နိုင်ငံကို ကာကွယ်ဖို့ရာဆိုရင် ဘယ်သူ့ဆီကမှ ခွင့်ပြုချက် တောင်းစရာမလိုဘူးလို့လည်း သမ္မတ အိုဘားမားက ပြောပါတယ်။ ဒါပေမဲ့ တကမ္ဘာလုံးက စိုးရိမ်ရတဲ့ အခြေအနေဖြစ်တယ်၊ အမေရိကန် ပြည်ထောင်စုကိုတော့ တိုက်ရိုက် ခြိမ်းခြောက်တာမျိုး မရှိဘူးဆိုရင် စစ်ရေးအရ ဆောင်ရွက်ရမယ့်အဆင့်ကို ပိုပြီး စဉ်းစားချင့်ချိန်ရပါမယ်လို့ သမ္မတ အိုဘားမားက ပြောပါတယ်။

မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ကတော့ မြန်မာနိုင်ငံ လက်ရှိ အပြောင်းအလဲဟာ အမေရိကန် သံတမန်ရေး ကြိုးပမ်းမှုရဲ့ ရလဒ် အောင်မြင်မှုဖြစ်တယ်လို့ သမ္မတ အိုဘားမားက ဥပမာပေး ပြောခဲ့ပါတယ်။ တကယ်လို့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး အောင်မြင်မှုရမယ်ဆိုရင် အမေရိကန် ခေါင်းဆောင်မှုအနေနဲ့ သေနတ်မဖောက်ရဘဲ မဟာမိတ်နိုင်ငံသစ် ရလိုက်တာဖြစ်လိမ့်မယ်လို့လည်း ပြောခဲ့ပါတယ်။

မြန်မာနိုင်ငံက အပြောင်းအလဲအတွက် ဖြောင့်ဖျပြောဆိုတာရော လူသိရှင်ကြား ဝေဖန်တာရောသုံးပြီး အရင်းအနှီးတွေ အထောက်အပံ့တွေနဲ့ အကူအညီ ပေးသွားမယ်လို့လည်း သမ္မတ အိုဘားမားက ပြောခဲ့ပါတယ်။
Watch Obama's Speech
Read Transcript in English of President Obama's Speech
XS
SM
MD
LG