သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံ့ခေါင်းဆောင်အနေနဲ့ ပထမဆုံးအကြိမ် အိုဘားမား ပြည်တွင်းဗလီကိုသွားရောက်


အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင်တဦးအနေနဲ့ ပထမဆုံးအကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ်အတွင်းမှာ ကျနော်တို့အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှုရှိကြဖို့ တိုက်တွန်းလိုက်ပါတယ်။

ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စလာမ် အသိုက်အဝန်းကို သွားရောက်လည်ပတ်စဉ် ပြောကြားခဲ့တဲ့အထဲမှာ၊ သမ္မတက အမေရိကန် မူဆလင်တွေဟာ အမေရိကန်နိုင်ငံကို တည်ဆောက်ရာမှာ ပါဝင်ပြီး၊ အားကောင်းစေတဲ့အတွက် ကျေးဇူးတင်တယ်လို့ ပြောခဲ့ပါတယ်။

ဒါ့အပြင် အစ္စလာမ်အစွန်းရောက်တွေရဲ့ အကြမ်းဖက်မှုနဲ့ ဆက်စပ်နေတဲ့ တိုက်ခိုက်မှုတွေ တိုးမြှင့်လာနေတာကြောင့် အမေရိကန် မူဆလင်တွေအနေနဲ့ အလွန်မှားယွင်းပြီး၊ အပျက်သဘောဆောင်တဲ့ အမြင်တွေနဲ့ ကြုံနေရတာကိုလည်း နားလည်သိရှိကြောင်း ပြောခဲ့ပါတယ်။

အမေရိကန် မူဆလင်တွေဟာ အကြမ်းဖက်မှုရဲ့ ခြိမ်းခြောက်မှုအတွက်တင် စိုးရိမ်နေရတာမဟုတ်ဘဲ၊ အလွန်နည်းပါးတဲ့သူတွေရဲ့ အကြမ်းဖက်မှုအတွက် ပစ်မှတ်ထားပြီး အပြစ်တင်ခံရမှာကိုလည်း စိုးရိမ်နေရတယ်လို့ သမ္မတက ပြောခဲ့ပါတယ်။

ဒါ့အပြင် အချို့သော နိုင်ငံရေးသမားတွေရဲ့ မူဆလင်ဆန့်ကျင်ရေး လုပ်ဆောင်မှုတွေကိုလည်း ဝေဖန် ပြောကြားခဲ့ပါတယ်။ ရီပတ်ဘလစ်ကန် သမ္မတ ကိုယ်စားလှယ်လောင်း Donald Trump နဲ့ Ted Cruz တို့ ပြီးခဲ့တဲ့လတွေအတွင်းက မှတ်ချက်ပြု ပြောကြားခဲ့တာတွေအပေါ် ဝေဖန်လိုက်ပါတယ်။

XS
SM
MD
LG