သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Ashton Carter ကို ကန် ကာကွယ်ရေးဝန်ကြီးအဖြစ် ရွေး


ကာကွယ်ရေးဝန်ကြီးသစ်အဖြစ် ရွေးချယ်ခြင်းခံရသူ Ashton Carter ၊ အမေရိကန်သမ္မတ Obamaနဲ့ ဒုသမ္မတ Biden
(ဝဲမှ ယာ)
ကာကွယ်ရေးဝန်ကြီးသစ်အဖြစ် ရွေးချယ်ခြင်းခံရသူ Ashton Carter ၊ အမေရိကန်သမ္မတ Obamaနဲ့ ဒုသမ္မတ Biden (ဝဲမှ ယာ)

အမေရိကန်ပြည်ထောင်စု ကာကွယ်ရေးဝန်ကြီးသစ်အဖြစ် ကာကွယ်ရေး ဒုဝန်ကြီးဟောင်း Ashton Carter ကို အမည်စာရင်း တင်သွင်းထားတယ်လို့ အိမ်ဖြူတော် အရာရှိတဦးက ပြောလိုက်ပါတယ်။ ရူပဗေဒပညာရှင်တဦးဖြစ်သလို အဆင့်မြင့် လက်နက်ပစ္စည်းဆိုင်ရာ ကျွမ်းကျင်သူ Ashton Carter ကို ကာကွယ်ရေးဝန်ကြီး အဖြစ် အမည်စာရင်း တင်သွင်းတာကို သမ္မတ အိုဘားမားက အခု သောကြာနေ့ ကြေညာဖို့ရှိတယ်လို့ အမည်မဖော်လိုတဲ့ အိမ်ဖြူတော် အရာရှိက ပြောပါတယ်။

Mr.Carter ဟာ ၂၀၁၁ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်အထိ ကာကွယ်ရေး ဒုဝန်ကြီး လုပ်ခဲ့ဖူးသလို၊ အရင်ကတော့ ကာကွယ်ရေးဌာနရဲ့ ထိပ်ပိုင်း လက်နက်အဝယ်တော်လည်းဖြစ်ပါတယ်။ ဝါရှင်တန်နိုင်ငံရေါ်မျာတော့ သူ့ဟာ ပါတီနှစ်ရပ်စလုံးရဲ့ ထောက်ခံမှုရသူပါ။ ကာကွယ်ရေးဝန်ကြီးဟောင်း Chuck Hagel နေရာကို Mr.Carter ကို အစားထိုး အမည်စာရင်းတင်သွင်းမှုကို လွှတ်တော်က အတည်ပြုပေးရမှာဖြစ်ပါတယ်။

Mr.Hagel ဟာ နှစ်နှစ်ကြာ ကာကွယ်ရေးဝန်ကြီး တာဝန်ယူခဲ့ပြီး ပြီးခဲ့တဲ့လကပဲ ရုတ်တရက် ရာထူးကနေ နုတ်ထွက်ခဲ့တာပါ။ Mr.Hagel ကို ရာထူးက နုတ်ထွက်ဖို့ အိမ်ဖြူတော်ကနေဖိအားပေးခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့်လို့၊ အိမ်ဖြူတော် တာဝန်ရှိသူတွေကတော့ ဒီကိစ္စကို တရားဝင် ငြင်းဆိုပါတယ်။

ကာကွယ်ရေးဝန်ကြီးသစ်အဖြစ် လျာထားစဉ်းစားခံရတဲ့ လက်ရှိ အမိမြေလုံခြုံရေးဝန်ကြီး Jeh Johnson၊ အထက်လွှတ်တော်အမတ် Jack Reed၊ ကာကွယ်ရေးဌာန အရာရှိဟောင်း Michele Flournoy တို့အပါအဝင် အတော်များများ ဒီရာထူးလက်ခံယူဖို့ ကိုယ်တိုင် ငြင်းခဲ့တဲ့နောက်? Ashton Carter ဟာ ကာကွယ်ရေးဝန်ကြီးသစ်ဖြစ်လာနိုင်တယ်ဆိုပြီး တစ် ပေးခံခဲ့လာရတာပါ။

XS
SM
MD
LG