သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Iran အရေး Netanyahu နဲ့ Obama သဘောကွဲ


အမေရိကန်ပြည်ထောင်စုနဲ့ အီရန်နိုင်ငံအကြား ပြုလုပ်နေတဲ့ အီရန်နျူကလီယားအရေး စေ့စပ် ဆွေးနွေးမှုက အီရန်နိုင်ငံ နျူကလီယား လက်နက် ရရှိရေးအတွက် အာမခံပေးမယ့် ဆွေးနွေးမှုဖြစ်တယ်လို့ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu က ပြောကြားပြီး ဒါဟာ အရှေ့အလယ်ပိုင်း တခုထဲအတွက်သာမကဘဲ တကမ္ဘာလုံးကို ခြိမ်းခြောက်နေတဲ့ ကိစ္စဖြစ်တယ်လို့ ဆိုပါတယ်။

နျူကလီယားလက်နက်ပိုင်ဆိုင်တဲ့ အီရန်နိုင်ငံဟာ သူ့နိုင်ငံအတွက် ဘယ်လောက် ကြီးမားတဲ့ အန္တရာယ်ဖြစ်စေတယ်ဆိုတဲ့အကြောင်း အင်္ဂါနေ့မနက်က အမေရိကန် လွှတ်တော် ၂ ရပ်ပေါင်းရှေ့မှာ ပြောကြားတဲ့ မိန့်ခွန်းအတွင်း မစ္စတာ နက်တန်ယာဟုက ထည့်သွင်း ပြောဆိုသွားတာပါ။ သူအဲဒီလို မိန့်ခွန်းပြောကြားမှုနဲ့ ပတ်သက်လို့လည်း နောက်ဆက်တွဲ အငြင်းပွားစရာတွေ ဖြစ်ခဲ့ပါတယ်။

တကယ်လို့ လက်ရှိပြုလုပ်နေတဲ့ စေ့စပ်ဆွေးနွေးမှုကိုသာ အီရန်ဘက်က လက်ခံလိုက်ရင် ဒီ သဘောတူညီချက်ဟာ အီရန်နိုင်ငံ နျူကလီယား လက်နက်ပိုင်ဆိုင်မှုကို အဟန့်အတား ဖြစ်စေမှာ မဟုတ်ဘဲ နျူကလီယားလက်နက် အများအပြားပိုင်ဆိုင်စေဖို့ အာမခံပေးမယ့် သဘောတူညီချက်ဖြစ်တယ်လို့ သူက ပြောပါတယ်။

အီရန်နိုင်ငံဟာ ကမ္ဘာ့တလွား အကြမ်းဖက်မှုတွေ ဖြစ်ပေါ်အောင် အစိုးရကိုယ်နှိုက်က အားပေး အားမြောက်ပြုနေတဲ့ နိုင်ငံဖြစ်တဲ့အပြင် အစိုးရဟာလည်း အရင်အတိုင်း အစွန်းရောက်တဲ့ အယူဝါဒကို လက်ကိုင်ထားပြီး ယုံကြည်လို့ မရနိုင်ကြောင်း၊ အမေရိကန်ပြည်ထောင်စုနဲ့ စေ့စပ် ဆွေးနွေးမှုတွေက နှူကလီယယားဗုံး ပိုင်ဆိုင်မှုကို ဟန့်တားမှာ မဟုတ်တဲ့အပြင် အများအပြား ရရှိရေးအတွက် လမ်းဖွင့်ပေးလိုက်သလို ဖြစ်မယ့်အကြောင်း ဝန်ကြီးချုပ် နက်တန်ယာဟုက ပြောပါတယ်။

XS
SM
MD
LG