သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ဒုတိယ ဗဟိုဘဏ်ဥက္ကဋ္ဌသစ် သမ္မတ အမည်တင်သွင်း


(ဝဲမှယာ) လက်ရှိ ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ Janet Yellen၊ အမေရိကန်သမ္မတ အိုဘားမား၊ လက်ရှိ ဗဟိုဘဏ် ဥက္ကဋ္ဌ Ben Bernanke တို့ အိမ်ဖြူတော်တွင် တွေ့ဆုံ။
(ဝဲမှယာ) လက်ရှိ ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ Janet Yellen၊ အမေရိကန်သမ္မတ အိုဘားမား၊ လက်ရှိ ဗဟိုဘဏ် ဥက္ကဋ္ဌ Ben Bernanke တို့ အိမ်ဖြူတော်တွင် တွေ့ဆုံ။
နိုင်ငံရဲ့လွှမ်းမိုးမှုအရှိဆုံး ဗဟိုဘဏ် ဘုတ်အဖွဲ့မှာ ပုဂ္ဂိုလ်သုံးဦးကို အမေရိကန် သမ္မတ ဘာရက်အိုဘားမား က အမည်တင်သွင်းလိုက်ပါတယ်။ အမေရိကန် နဲ့ အစ္စရေး ပူးတွဲနိုင်ငံသား အဖြစ်ခံယူထားသူ အစ္စရေးဗဟိုဘဏ် အုပ်ချုပ်ရေးမှုးဟောင်း Stanley Fischer ကို အမေရိကန် ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ အဖြစ် မစ္စတာ အိုဘားမားက အမည်တင်သွင်းလိုက်ပါတယ်။

အထက်လွှတ်တော်က အတည်ပြုရင် အသက် ၇၀ အရွယ် Fischer ဟာ လက်ရှိ ဗဟိုဘဏ် ဥက္ကဋ္ဌ Ben Bernanke ရဲ့ ရှစ်နှစ်သက်တမ်း ကုန်ဆုံးမယ့် နောက်လ အစမှာ သူ့နေရာမှာ အစားထိုးမယ့် လက်ရှိ ဒုတိယ ဥက္ကဋ္ဌ Janet Yellen နေရာကို ယူရမှာဖြစ်ပါတယ်။

သမ္မတက နိုင်ငံတကာ စီးပွါးရေးအကြံပေး ပုဂ္ဂိုလ်တွေ ဖြစ်ကြတဲ့ Lael Brainard ကို အဖွဲ့ဝင် ခုနှစ်ဦးပါ ဘုတ်အဖွဲ့မှာ အမည်တင်သွင်းလိုက်ပြီး လက်ရှိဘုတ်အဖွဲ့ဝင် Jerome Powell ကိုတော့ နောက်ထပ်သက်တမ်းတိုးဖို့ အမည်တင်သွင်းလိုက်ပါတယ်။

အမေရိကန်ဗဟိုဘဏ်ဟာ အလုပ်အကိုင် ဖန်တီးရေးနှင့် ငွေကြေးဖောင်းပွမှုနှုန်း ကို ထိမ်းနိုင်ဖို့ ကြိုးစားရာမှာ ကမ္ဘာ့ကြီးဆုံး အမေရိကန် စီးပွါးရေးစနစ်အတွက် ပေါ်လစီတွေကို ချမှတ်တဲ့ အဖွဲ့လည်းဖြစ်ပါတယ်။
XS
SM
MD
LG