သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပင်လယ်ကွေ့ ရေနံယိုထွက်မှု ပြန်လည်ထူထောင်ရေး သမ္မတ အိုဘားမား ကတိပေး


မက္ကဆီကို ပင်လယ်ကွေ့မှာ ရေနံစိမ်းတွေ အများကြီး ယိုထွက်နေတာနဲ့ ပတ်သက်ပြီး အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က ရုပ်မြင်သံကြားကတဆင့် တနိုင်ငံလုံးကို မိန့်ခွန်း ပြောကြားပါတယ်။

ရေနံစိမ်း ယိုထွက်နေတာက ၅၇ ရက်မြောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

ခုလိုအနက်မှာ ဒီလောက် အတိုင်းအတာအထိ ယိုထွက်နေတာ ဘယ်တုန်းကမှ မရှိခဲ့ဘူးကြောင်း၊ ဒါကို ရပ်နိုင်အောင် ကြိုးစားနေတာဟာ လူသားရဲ့ နည်းပညာ အကန့်အသတ်ကို စမ်းသပ်နေတာပဲ ဖြစ်တဲ့အကြောင်း အိမ်ဖြူတော် သူ့ရုံးခန်းကနေ ပထမဆုံး ပြောကြားတဲ့ မိန့်ခွန်းမှာ မစ္စတာ အိုဘားမားက ပြောပါတယ်။

ပစ္စည်းတွေနဲ့ နည်းပညာကို ထပ်ဆောင်းဖြည့်ဖို့ သူ့ရဲ့ အစိုးရအဖွဲ့က ဒီ ယိုထွက်နေတာကို ပိတ်နေတဲ့ BP ကုမ္ပဏီကြီးကို ညွှန်ကြားခဲ့တယ်လို့ သူက ပြောပါတယ်။ ယိုထွက်နေတဲ့ ရေနံစိမ်း ၉၀% ကို ဖမ်းယူနိုင်အောင် ကြိုးစားသင့်တယ်လို့ သူက ဆိုပါတယ်။ ကြိုးစားနေတာတွေကြောင့် ယိုထွက်နေတာ လုံး၀ ရပ်သွားနိုင်လိမ့်မယ်လို့ မျှော်လင့်ထားပေမဲ့ ရက်သတ္တပေါင်းများစွာ ကြာတဲ့တိုင် ဒီအလုပ်က ပြီးနိုင်ဖို့ မမျှော်လင့်နိုင်ဘူးလို့ သူက ဆိုပါတယ်။

ဒီယိုထွက်နေမှုဟာ အမေရိကန်နိုင်ငံက ရင်ဆိုင်နေရတဲ့ အထဲမှာ အဆိုးဆုံး ပတ်ဝန်းကျင် ဘေးအန္တရာယ်ပဲ ဖြစ်တယ်လို့ မစ္စတာ အိုဘားမားက ပြောပါတယ်။ ဒါကြောင့် ဖြစ်ပေါ်လာတဲ့ သက်ရောက်မှုတွေကို နိုင်ငံက ဖြေရှင်းရမှာ လပေါင်းများစွာ ဒါမှမဟုတ် နှစ်ပေါင်းများစွာတောင် ကြာနိုင်တယ်လို့ သူက ဆိုပါတယ်။

ယိုထွက်နေတဲ့ ရေနံတွေ ဆက်မပြန့်အောင်နဲ့ ရှင်းလင်းနိုင်အောင် လူပေါင်း ၃၀,၀၀၀ နီးနီးနဲ့ သင်္ဘောစင်းရေ ထောင်ချီပြီး ပြည်နယ် ၄ ခုမှာ လုပ်ကိုင်နေကြပါတယ်လို့ သူက ပြောသွားပါတယ်။

မက္ကဆီကို ပင်လယ်ကွေ့နဲ့ ပြည်သူတွေ ကြေကွဲဖွယ် ဒီအဖြစ်ကနေ ပြန်ထူထောင်လာနိုင်အောင် ကူညီဖို့အတွက် လိုအပ်တာ မှန်သမျှ အစိုးရက လုပ်မယ်လို့ သူက ဆိုပါတယ်။

XS
SM
MD
LG