သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန် နျူသဘောတူညီချက် အကောင်ထည်ဖေါ်ဖို့ စပြင်ဆင်


အမေရိကန်အစိုးရအနေနဲ့ နှစ်ဘက်ပူးတွဲဆောင်ရွက်ရမယ့်အစီအစဉ်တွေကို စတင်ရမယ့် Adoption Day နေ့အဖြစ် သတ်မှတ်ထားတဲ့နေ့မှာ အီရန်နိုင်ငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေကို ဖယ်ရှားပစ်နိုင်ဖို့အတွက် စတင် စီစဉ်လုပ်ဆောင်ဖို့ အမေရိကန်သမ္မတ Barack Obama က တနင်္ဂနွေနေ့မှာ တိုက်တွန်းလိုက်ပါတယ်။

Adoption Day ဆိုတာကတော့ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း အီရန်နိုင်ငံရဲ့ နျူကလီယားအရေးနဲ့ ပတ်သက်ပြီး သဘော တူညီမှုအပေါ် လက်မှတ်ရေးထိုး ခဲ့ကြတဲ့ အဖွဲ့ဝင်နိုင်ငံတွေအားလုံးအနေနဲ့ ပထမခြေလှမ်းကို စတင်အကောင် အထည်ဖေါ်ဖို့ သတ်မှတ်တဲ့နေ့ဖြစ်ပါတယ်။

ကျနော့် အနေနဲ့ ဒီအရေးကြီးတဲ့ ခြေလှမ်းကို ကြိုဆိုပါတယ်။ မိတ်ဘက်နိုင်ငံတွေနဲ့ အတူ ကျနော်တို့အားလုံးအနေနဲ့ အားလုံးစိုးရိမ်နေကြတဲ့ အီရန်နိုင်ငံရဲ့ နျူးကလီယား အစီအစဉ်နဲ့ ပတ်သက်ပြီး အကောင်ထည်ဖေါ်ရာမှာ အပြည့်အဝ အာရုံစိုက် လုပ်ဆောင်ကြဖို့ အရေးကြီးတဲ့အချိန်ကာလဖြစ်ပါတယ်လို့ မစ္စတာ အိုဘားမားက တနင်္ဂနွေနေ့မှာ ပြောကြားလိုက်ပါတယ်။

အီရန်နိုင်ငံဘက်ကတော့ သဘောတူညီချက်အရ သူတို့ဘက်က လုပ်စရာရှိတာတွေကို စတင်လုပ်နေပါပြီလို့ Mr. Obama က ပြောပါတယ်။ ဒီအထဲမှာ စက်ဒလက်တွေ ဖယ်ရှားပစ်တာ၊ သိမ်းဆည်းထားတဲ့ ယူရေနီယံတွေကို လျှော့ချ ပစ်တာ၊ အစရှိတဲ့ နျူကလီယားလက်နက် တည်ဆောက်ဖို့မဖြစ်နိုင်တာကို ပြသတဲ့ လုပ်ရပ်တွေကို လုပ်ဆောင်ခဲ့ပါတယ်။

ဥရောပသမဂ္ဂ အနေနဲ့လည်း အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ပိတ်ဆို့အရေးယူမှုတွေကို စတင် ရုပ်သိမ်းစေဖို့အတွက် ရည်ရွယ်ချမှတ်တဲ့ဥပဒေကို တနင်္ဂနွေနေ့မှာ ပြဌာန်းလိုက်ပါတယ်။

XS
SM
MD
LG