သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုဘားမားနဲ့ ပါကစ္စတန်သမ္မတ အကြမ်းဖက်မှု တိုက်ဖျက်ရေးဆွေးနွေး

ICS)
ICS)

အမေရိကန်သမ္မတ ဘရက်အိုဘားမား (Barack Obama) ဟာ သောကြာနေ့မှာ ပါကစ္စတန်သမ္မတ အဆစ်ဖ်အလီ ဇာဒါရီ (Asif Ali Zardari) နဲ့ သမ္မတအိမ်ဖြူမှာ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

နှစ်နိုင်ငံခေါင်းဆောင် ၂ ဦးဟာ အကြမ်းဖက်သမား တိုက်ဖျက်ရေးနဲ့ ဒေသတွင်း လုံခြုံရေးကိစ္စရပ်ဆိုင်ရာ ကျိုးပမ်းချက်တွေကို မျှေ၀ ဆွေးနွေးခဲ့ကြပြီး အာဖဂန်နစ်စတန် နိုင်ငံံ့အရေးကို အဓိက ဦးစားပေး ဆွေးနွေးခဲ့ကြတယ်လို့ သမ္မတအိမ်ဖြူက ကြေညာချက် ထုတ်ပြန်ပါတယ်။

အမေရိကန်နိုင်ငံက ပါကစ္စတန်ကို ဆက်လက် ပံ့ပိုးပေးသွားမယ်လို့ သမ္မတ အိုဘားမားက ပြောကြားခဲ့ပြီး ဒီနှစ်ထဲမှာပဲ ပါကစ္စတန်နိုင်ငံကို သမ္မတ အိုဘားမား သွားရောက်ဖို့ ရှိကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မစ္စတာ ဇာဒါရီဟာ ဒီဇင်ဘာလတုန်းက ရုတ်တရက် ကွယ်လွန်သွားခဲ့တဲ့ ပါကစ္စတန်နဲ့ အာဖဂန်နစ်စတန်နိုင်ငံ ဆိုင်ရာ အမေရိကန် သံတမန် ရစ်ချက်ဟိုးဘရုက် (Richard Holbrooke) ရဲ့ အောက်မေ့ဘွယ် အခန်းအနားကို တက်ရောက်ဖို့ ဝါရှင်တန်မြို့တော်ကို လာရောက်နေတာဖြစ်ပါတယ်။

This item is part of
XS
SM
MD
LG