သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်နဲ့ဖိလစ်ပိုင် လုံခြုံရေးသဘောတူချက် တရုတ်ကိုမရည်ရွယ်


အမေရိကန်သမ္မတ ဘာရက်အိုဘားမားကို ဖိလစ်ပိုင်သမ္မတက နိုင်ငံတော်ညစားစားပွဲ တည်ခင်းဧည့်ခံစဉ်။ (ဧပြီ ၂၈၊ ၂၀၁၄)
အမေရိကန်သမ္မတ ဘာရက်အိုဘားမားကို ဖိလစ်ပိုင်သမ္မတက နိုင်ငံတော်ညစားစားပွဲ တည်ခင်းဧည့်ခံစဉ်။ (ဧပြီ ၂၈၊ ၂၀၁၄)
အမေရိကန်ပြည်ထောင်စုနဲ့ ဖိလစ်ပိုင်အကြား လုံခြုံရေးသဘောတူညီမှုအသစ် လက်မှတ်ရေးထိုးတာဟာ တရုတ်ကိုတန်ပြန်ဖို့ ဒါမှမဟုတ် ထိန်းချုပ်ဖို့ မဟုတ်ပါဘူးလို့ အမေရိကန်သမ္မတ Barack Obama က ပြောသွားပါတယ်။

ဂျပန်၊တောင်ကိုရီးယား၊ မလေးရှားအပါအဝင် အာရှ ၄ နိုင်ငံကို ခရီးထွက်နေတဲ့ သမ္မတ Obama ဖိလစ်ပိုင်နိုင်ငံကိုမရောက်ခင် နာရီပိုင်းအတွင်းမှာပဲ ဖိလစ်ပိုင်ကကျွန်းတွေပေါ်မှာ အမေရိကန်တပ်ဖွဲ့တွေ ပိုပြီးထားရှိဖို့ ခွင့်ပြုမယ့် ၁၀ နှစ်တာ လုံခြုံရေး သဘောတူညီမှုအသစ်ကို လက်မှတ်ထိုးလိုက်တာပါ။

ဒီသဘောတူညီချက်တွေအရ အမေရိကန်တပ်ဖွဲ့ဝင်တွေကို အလှည့်ကျပို့ပေးရေးနဲ့ သင်္ဘောတို့ တိုက်လေယာဉ်တို့လို စစ်ဖက်ဆိုင်ရာ ကိရိယာတွေကို ဖိလစ်ပိုင် စစ်အခြေစိုက်စခန်းတွေဆီပို့ပေးနိုင်မယ့် အခြေခံ မူဘောင်တွေကို သတ်မှတ်ခဲ့ကြပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ တရုတ်နဲ့ အပြုသဘောဆောင်တဲ့ ဆက်ဆံရေးရှိပါတယ်၊ ကျနော်တို့ရဲ့ရည်ရွယ်ချက်ကလည်း နိုင်ငံတကာက သက်မှတ်ချက်တွေနဲ့ လက်ခံထားတဲ့စည်းမျဉ်းတွေကို လေးစားဖို့ဖြစ်ပြီး အဲဒီထဲမှာ နိုင်ငံတကာ အငြင်းပွားမှုတွေလည်း ပါဝင်ပါတယ်လို့ ဖိလစ်ပိုင်သမ္မတ Benigno Aquino နဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ သမ္မတ အိုဘားမားက ပြောကြားသွားပါတယ်။

ဖိလစ်ပိုင်သမ္မတ Aquino ကတော့ သူတို့ရဲ့ ဒေသတွင်းမှာ အမေရိကန်တွေရဲ့ တိုးမြှင့်နေရာယူမှုအပေါ် တရုတ်အနေနဲ့ စိုးရိမ်စရာ ရှိတယ်လို့ မထင်ကြောင်း ပြောသွားပါတယ်။ ပြီးတော့ တခြားဒေသတွင်း နိုင်ငံတွေအနေနဲ့လည်း ဖိလစ်ပိုင်က အန္တရာယ်ပေးမှာ မဟုတ်ကြောင်း ပြောပါတယ်။
XS
SM
MD
LG