သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုဘားမားပုံတူပန်းချီကား အိမ်ဖြူတော်မှာ ဖွင့်လှစ်

အမေရိကန်သမ္မတဟောင်း အိုဘားမားနဲ့ သမ္မတကတော်ဟောင်း မီရှယ်အိုဘားမားတို့ အိမ်ဖြူတော်မှာထားရှိမယ့် သူတို့ရဲ့ ပုံတူပန်းချီကားကို စက်တင်ဘာ ၇ရက်နေ့က ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ ဒီပန်းချီကားတွေကို ပန်းချီဆရာရောဘတ်မက်ကာဒီနဲ့ ပန်းချီဆရာမရှယ်ရွန်စပရန်းတို့က ရေးဆွဲခဲ့တာဖြစ်ပါတယ်။

အစဉ်အဆက်ရှေ့က သမ္မတဟောင်းတွေရဲ့ ပုံတူပန်းချီကားတွေကို အိမ်ဖြူတော်မှာ စုစည်းချိတ်ဆွဲတဲ့ အစဉ်အလာရှိပါတယ်။ အရင်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ပ်လက်ထက်က ဒီအစဉ်အလာကို ချိုးဖောက်ခဲ့တာကြောင့် အိုဘားမားသမ္မတ ရာထူးသက်တမ်းတုန်းက ဒုသမ္မတအဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့ သမ္မတဘိုင်ဒန်က ဒီအစဉ်အလာကို ပြန်ပြီးလုပ်ဆောင်တာပါ။ ပုံတူရေးဆွဲသူတွေက သမ္မတဟောင်းတွေရဲ့ ထူးခြားတဲ့သွင်ပြင်နဲ့ ကိုယ်ရည်ကိုယ်သွေးတွေကို အနုပညာနဲ့ ပေါင်းစပ်ပြီး ပုံဖော်ပြသဖို့ ရည်ရွယ်တယ်လို့ အိမ်ဖြူတော်သမိုင်းအဖွဲ့ ဝက်ဘ်ဆိုက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။


နောက်ထပ်ကြည့်ရှုရန်

XS
SM
MD
LG