သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆင်းရဲမှုပပျောက်ရေးလုပ်ဆောင်ဖို့ သမ္မတ အိုဘားမားတိုက်တွန်း


အမေရိကန်ပြည်သူတွေအနေနဲ့ ဆင်းရဲမှုကျဆင်းရေးကို အခုထက်ပိုပြီး လုပ်ဆောင်ကြဖို့နဲ့ လူချမ်းသာတွေနဲ့ လူလတ်တန်းစားကြား ဆင်းရဲ - ချမ်းသာ ကွာဟမှု ကြီးနေတာကို ပိုနည်းသွားအောင် လုပ်ဖို့ သမ္မတ အိုဘားမားက အမေရိကန် ပြည်သူလူထုကို အင်္ဂါနေ့မှာ တိုက်တွန်းလိုက်ပါတယ်။

ဝါရှင်တန်ဒီစီက Georgetown တက္ကသိုလ်မှာ တနာရီကျော်ကြာ ပြုလုပ်တဲ့ ဆင်းရဲမှုလျှော့ချရေးနဲ့ ဝင်ငွေမညီမျှမှု ပြဿနာဖြေရှင်းရေး ဆွေးနွေးပွဲမှာ သမ္မတ အိုဘားမား ပြောဆိုသွားတာပါ။ ကမ္ဘာ့အချမ်းသာဆုံးလို့ သတ်မှတ်ထားကြတဲ့ ဒီတိုင်းပြည်ရဲ့ လူ့အဖွဲ့အစည်းအတွင်း ကွာဟမှု သိပ်ကြီးနေတာကို မလျှော့ချနိုင်ဘူးဆိုတဲ့ ဆင်ခြေမျိုး မပေးသင့်ဘူးလို့ သူက ဆိုပါတယ်။

အမေရိကန်တွေအနေနဲ့ တကယ်လုပ်မယ်လို့သာ ဆုံးဖြတ်ရင် ဆင်းရဲမှုကို လျှော့ချနိုင်မှာ ဖြစ်တယ်လို့ အိုဘားမားက ပြောပါတယ်။ ဒီပြဿနာဖြေရှင်းရေးကို ဘယ်လောက်ထိ လုပ်သွားကြမလဲ ဆိုတာက အမေရိကန်တွေ အဓိက ရင်ဆိုင်နေရတဲ့ မေးခွန်းပဲ ဖြစ်တယ်လို့လည်း သူက ပြောသွားပါတယ်။

ကျေးလက်ဒေသက ဆင်းရဲတဲ့ အမေရိကန် ကလေးငယ်တွေကို ချမ်းသာသူတွေက ဘယ်အတိုင်းအတာထိ ကူညီမလဲဆိုတာ ဆန္ဒရှိကြဖို့နဲ့ အဲဒီကလေးတွေ လိုအပ်နေတဲ့ စာအုပ်စာတမ်း ကွန်ပျူတာ စတာတွေနဲ့အတူ လူ့အဖွဲ့အစည်းအတွင်း စိတ်ပိုင်းဆိုင်ရာတွေကိုပါ အားပေး ကူညီသွားဖို့ လိုကြောင်း၊ လက်ရှိအခြေအနေရ အဲဒီကလေးတွေမှာ အခုပြောခဲ့တဲ့ အရာတွေ မရှိတာတွေ့ရကြောင်း သမ္မတအိုဘားမားက ထောက်ပြပြောဆိုသွားပါတယ်။ ဆင်းရဲနေတာက စိတ်ဖိစီးမှုကို ဖြစ်စေကြောင်း၊ ဆင်းရဲတာကို ဘယ်သူမှ မကြိုက်ကြောင်း သမ္မတ အိုဘားမားက ပြောပါတယ်။

XS
SM
MD
LG