သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်လူဝင်မှုကြီးကြပ်ရေး ဥပဒေပြင်ဖို့ သမ္မတ အိုဘားမား ကတိပြု


အမေရိကန် လွှတ်လပ်ရေးနေ့ ဇူလိုင်လ ၄ ရက်နေ့၊ အိမ်ဖြူတော်မှာ ကျင်းပတဲ့ နိုင်ငံသား အထူး ကျမ်းသစ္စာဆိုပွဲ အခမ်းအနား။
အမေရိကန် လွှတ်လပ်ရေးနေ့ ဇူလိုင်လ ၄ ရက်နေ့၊ အိမ်ဖြူတော်မှာ ကျင်းပတဲ့ နိုင်ငံသား အထူး ကျမ်းသစ္စာဆိုပွဲ အခမ်းအနား။

အမေရိကန် လွှတ်လပ်ရေးနေ့ ဇူလိုင်လ ၄ ရက်နေ့က အမေရိကန်သမ္မတ အိမ်ဖြူတော်မှာ ကျင်းပတဲ့ နိုင်ငံသားသစ် ၂၅ ယောက်အတွက် အထူး ကျမ်းသစ္စာဆိုပွဲ အခမ်းအနားမှာ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ သမ္မတ Barack Obama က ထပ်လောင်း တိုက်တွန်းလိုက်ပါတယ်။

အခု နိုင်ငံသားအဖြစ် ခံယူလိုက်သူ ၂၅ ဦးစလုံးဟာ အမေရိကန်စစ်တပ်မှာ တာဝန်ထမ်းဆောင်နေသူ၊ ဒါမှမဟုတ်လဲ သူတို့ရဲ့ အိမ်ထောင်ဖက်တွေက စစ်တပ်မှာ တာဝန်ထမ်းဆောင်နေတဲ့သူတွေ ဖြစ်တာကိုကြည့်ခြင်းအားဖြင့် အမေရိကန်နိုင်ငံဟာ ပြည်က လာရောက် ပြောင်းရွေ့ နေထိုင်သူတွေနဲ့ စုပေါင်း တည်ထောင်ထားတဲ့ တိုင်းပြည်ဖြစ်တယ်၊ နောင်မှာလဲ အဲဒီလိုပဲ ဖြစ်နေဦးမှာပဲဆိုတာကို ပြသလိုက်တာပဲလို့ သမ္မတ အိုဘားမားက ပြောပါတယ်။

အမေရိကန်နိုင်ငံရဲ့ လက်ရှိ လူဝင်မှုကြီးကြပ်ရေး ဥပဒေဟာ အလုပ်မဖြစ်ဘူးလို့ တင်စား ပြောဆိုလိုက်ပြီး ပိုပြီး ခေတ်မှီပြီး လက်တွေ့ကျ အသုံးဝင်တဲ့ စံနစ်တခု ပေါ်ထွက်လာအောင် သူ့အစွမ်းရှိသလောက် လုပ်ဆောင်သွားမယ်လို့လည်း သမ္မတ အိုဘားမားက ပြောပါတယ်။

“ ဒီတိုင်းပြည်ကို လာချင်ကြတဲ့ အကောင်းဆုံး အတော်ဆုံးလူတွေ၊ အလုပ်အကိုင် ဖန်တီးပေးမယ့်သူတွေ၊ ကျနော်တို့ရဲ့ စီးပွား တိုးတက်အောင်လုပ်ဆောင်ပေးမယ့်သူတွေအတွက် ပိုပြီး ခက်ခဲအောင် ကျနော်တို့ မလုပ်သင့်ဘူး။ သူတို့တွေ ဝင်လာဖို့ လွယ်ကူအောင် ကျနော်တို့က လုပ်ပေးသင့်ပါတယ်လို့ သမ္မတ အိုဘားမားက ပြောသွားတာ ဖြစ်ပါတယ်။”

လူဝင်မှုကြီးကြပ်ရေးဥပဒေ ပြင်ဆင်မှု နှောင့်နှေးနေတာဟာ ရီပတ်ဘလီကန်ပါတီဝင်တွေကြောင့်လို့ သမ္မတ အိုဘားမားက အပြစ်တင်လိုက်ပြီး ကွန်ဂရက်လွတ်တော် မပါပဲ ဥပဒေ ပြောင်းလဲလို့ရအောင် သူ့အနေနဲ့ လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

XS
SM
MD
LG