သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားမှာ နိုင်ငံရေးအပြောင်းလဲ လိုအပ်မှု ကန်နဲ့ ရုရှား သဘောတူ


G-20 ညီလာခံအပြင်ဘက်မှာ အမေရိကန်သမ္မတ Barack Obama နဲ့ ရုရှား သမ္မတ Vladimir Putin တို့ တွေ့ဆုံ။
G-20 ညီလာခံအပြင်ဘက်မှာ အမေရိကန်သမ္မတ Barack Obama နဲ့ ရုရှား သမ္မတ Vladimir Putin တို့ တွေ့ဆုံ။

အရှေ့အလယ်ပိုင်းမှာ လေးနှစ်ကြာဖြစ်နေတဲ့ ပြည်တွင်းစစ်ကို အဆုံးသတ်ဖို့အတွက် ဆီးရီးယားမှာ နိုင်ငံရေး အပြောင်းအလဲကို ဆီးရီးယားတွေက ဦးဆောင်ဖို့လိုသလို ကုလသမဂ္ဂရဲ့ ကြားဝင်ညှိနှိုင်းမှုတွေနဲ့ အပစ်အခတ်ရပ်စဲဖို့ လိုအပ်တယ်လို့ အမေရိကန်သမ္မတ Barack Obama နဲ့ ရုရှား သမ္မတ Vladimir Putin တို့ တနင်္ဂနွေနေ့ မှာ သဘောတူခဲ့ကြပါတယ်။

ကမ္ဘာ့စက်မှုထိပ်သီးနိုင်ငံများ - G20 စီးပွားရေးညီလာခံ ကျင်းပတဲ့ တူရကီနိုင်ငံ အန်ထားလ်ယာ (Antalya) မြို့မှာ နှစ်နိုင်ငံခေါင်းတွေအနေနဲ့ ညီလာခံအပြင်ဘက်မှာ ၃၅ မိနစ်အကြာ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ ဒီတွေ့ဆုံမှုကို အိမ်ဖြူတော်က အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုလို့ ခေါ်ဆိုသလို တခြား ကမ္ဘာ့ တွေ့ဆုံ ဆွေးနွေးပွဲတွေ အတွင်း မကြာခန ရန်လိုဆန့်ကျင်ပြောဆိုလေ့ရှိတဲ့ ဒီနှစ်နိုင်ငံခေါင်းဆောင်ရဲ့ ပြောင်းလဲမှု ဖြစ်တယ်လို့ လည်းဆိုပါတယ်။

အိုဘားမားနဲ့ တွေ့ဆုံရာမှာ ရုရှားခေါင်းဆောင်အနေနဲ့ အတော်လေး အသေးစိတ်ကျတဲ့ အပြန်အလှန် စကားပြောဆို မှုလုပ်ခဲ့တယ်လို့ ပူတင်ရဲ့ နိုင်ငံရေးရာ အကြံပေး ပုဂ္ဂိုလ် ယူရီ အူ့ရှာခါ (Yuri Ushakov) က ဆိုပါတယ်။

ပြီးခဲ့တဲ့ အပတ်တွေတုန်းက ဗီယာနာမြို့ တွေ့ဆုံဆွေးနွေးပွဲအတွင်းမှာ သံသမန်ရေး တိုးတက်မှုတွေ လုပ်ဆောင် နိုင်ခဲ့တယ် ဆိုတာကို အိုဘားမားနဲ့ ပူတင် နှစ်ယောက်စလုံး သတိထားမိကြတယ်လို့လည်း အိမ်ဖြူတော် တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

တချိန်တည်းမှာပဲ ဆီးရီးယားမှာ အိုင်အက်စ် စစ်သွေးကြွတွေနဲ့ ပတ်သက်ပြီး ရုရှားစစ်တပ်က ဦးတည်ဆောင်ရွက်နေတာဟာ အရေးပါသလို ဆီးရီးယားက အိုင်အက်စ် စစ်သွေးကြွတွေကို ခြေမှုန်းရာမှာ ပါဝင်တဲ့ နိုင်ငံအားလုံးကိုလည်း ကြိုဆိုကြောင်း အိုဘားမားက ပြောပါတယ်။

XS
SM
MD
LG