သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ အိုဘားမားနဲ့ တွေ့ဆုံဖို့ သမ္မတ ပူတင် တံခါးဖွင့်ထား


အမေရိကန်သမ္မတ Barack Obama ရုရှားသမ္မတ Vladimir Putin နဲ့ Northern Ireland မှာ ဇွန်လ ၁၇, ၂၀၁၃ က တွေ့ဆုံစဉ်။
အမေရိကန်သမ္မတ Barack Obama ရုရှားသမ္မတ Vladimir Putin နဲ့ Northern Ireland မှာ ဇွန်လ ၁၇, ၂၀၁၃ က တွေ့ဆုံစဉ်။

ရှေ့လအတွင်းကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံကို တက်ဖို့ ရုရှားသမ္မတ Vladimir Putin အမေရိကန် ပြည်ထောင်စုကို လာတဲ့အခါ သမ္မတ Barack Obama နဲ့ တွေ့ဆုံဖို့အတွက် တံခါးဖွင့်ထားတယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးက ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။

နယူးယောက်မြို့မှာ စက်တင်ဘာလ ၁၅ ရက်နေ့ကျရင် စတင်မယ့် ၇၀ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံကို သမ္မတ ပူတင် တက်ရောက်မယ့်အကြောင်း နိုင်ငံခြားရေးဝန်ကြီး Sergei Lavrov က Crimea ဒေသ၊ Sevastopol မြို့မှာ သတင်းထောက်တွေကို ပြောကြားလိုက်တာပါ။

အကယ်၍ အမေရိကန်ဘက်က တွေ့ဆုံလိုတဲ့ ဆန္ဒရှိကြောင်း အချက်ပြတယ်ဆိုရင် မစ္စတာ ပူတင်အနေနဲ့ သမ္မတ အိုဘားမားနဲ့ တွေ့ဆုံနိုင်ကြောင်း ဝန်ကြီး Lavrov က ပြောပါတယ်။

အမေရိကန်တို့အနေနဲ့ ထိတွေ့ဆက်ဆံမှုကို ထိန်းသိမ်းထားလိုကြောင်း အချက်ပြခဲ့မယ်ဆိုရင် သူတို့ သမ္မတအနေနဲ့ အပြုသဘောဆောင်တဲ့ အနေအထားနဲ့ ပြန်လည် တုံ့ပြန်သွားမှာဖြစ်ကြောင်း ဝန်ကြီး Lavrov က ပြောပါတယ်။

သမ္မတ ပူတင်ဟာ ကုလသမဂ္ဂ ညီလာခံမှာ စက်တင်ဘာလ ၂၈ ရက်နေ့မှာ မိန့်ခွန်းပြောကြားမယ့်အကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားတဲ့ မိန့်ခွန်းပြောကြားကြမယ့် သူတွေ ယာယီစာရင်းမှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG