သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Obama နိုင်ငံတကာအရေး Putin ကို ဖုန်းခေါ်ဆွေးနွေး


အမေရိကန်သမ္မတ Barack Obama ဟာ ရုရှားသမ္မတ Vladimir Putin နဲ့ ဗုဒ္ဓဟူးနေ့က တယ်လီဖုန်းနဲ့ ဆက်သွယ်ပြီး ကမ္ဘာ့ကိစ္စရပ် အများအပြားကို ဆွေးနွေးခဲ့တယ်လို့ သမ္မတ အိမ်ဖြူတော်က ပြောပါတယ်။

ဆီးရီးယားနိုင်ငံမှာ ဖြစ်နေတဲ့ ပြည်တွင်းစစ် အဆုံးသတ်ရေးနဲ့ ယူကရိန်းနိုင်ငံက အပစ်အခတ်ရပ်စဲရေး သဘောတူညီကို လိုက်နာကြဖို့ ကိစ္စရပ်တွေကို ခေါင်းဆောင် ၂ ဦး ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

ယူကရိန်းနိုင်ငံ မတည်ငြိမ်မှုကို ဖြစ်ပေါ်စေတဲ့ ခွဲထွက်ရေးသမားတွေကို ရုရှားက ထောက်ပံ့ပေးနေတာကို ရပ်တန့်ဖို့အတွက်လည်း ခေါင်းဆောင် ၂ ဦး အချိန်အတော်ကြာကြာ ဆွေးနွေးခဲ့ကြတယ်လို့ အိမ်ဖြူတော် ပြောခွင့်ရ Josh Earnest က ပြောပါတယ်။

ယူကရိန်းဘက်ကလည်း အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ပါ လိုက်နာရမယ့် အချက်တွေကို လိုက်နာဖို့ လိုအပ်တဲ့အကြောင်း သမ္မတ Putin က ပြောကြားခဲ့တယ်လို့ ရုရှားအစိုးရက ပြောပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်တွေကို ချိုးဖောက်ပြီး မြောက်ကိုရီးယားက နျူကလီးယား စမ်းသပ်ဖောက်ခွဲမှု ပြုလုပ်ခဲ့တဲ့ကိစ္စအတွက် နိုင်ငံတကာက အားကောင်း ညီညွတ်စွာ ကိုင်တွယ်ဖြေရှင်း လိုအပ်တဲ့ အချက်ကိုလည်း သမ္မတ Obama နဲ့ သမ္မတ Putin တို့ ဆွေးနွေးခဲ့ကြပါတယ်။

XS
SM
MD
LG