သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လုံခြုံရေး သတိရှိကြဖို့ အိုဘားမား တိုက်တွန်း


အမေရိကန်လုံခြုံရေး အမေရိကန်သမ္မတ မိန့်ခွန်းပြော။ (ဒီဇင်ဘာ ၁၇၊ ၂၀၁၅)

နှစ်ကုန် အားလပ်ရက်ကာလ ရောက်တော့မယ့်အချိန် အမေရိကန် ပြည်ထောင်စုမှာ - အကြမ်းဖက်ခြိမ်းခြောက်ခံရမယ့် အန္တရာယ်မျိုး အမေရိကန်အာဏာပိုင်တွေ ခိုင်ခိုင်လုံလုံ မတွေ့သေးဘူးလို့ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားက ပြောဆို လိုက်ပေမဲ့ တိုင်းပြည်ကို ကာကွယ်ဖို့၊ သတိဝီရိယ ထား နေကြဖို့လည်း အမေရိကန်နိုင်ငံသားအားလုံးကို တိုက်တွန်းလိုက်ပါတယ်။

IS အစွန်းရောက် အုပ်စုကို ထောက်ခံသူတွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှု ၂ ခုဖြစ်တဲ့ ကယ်လီဖိုးနီးယားပြည်နယ် ဆန် ဘာနာဒီးနိုးမြို့မှာ ပြီးခဲ့တဲ့လက လူသေဆုံးခဲ့ရတဲ့ တိုက်ခိုက်မှုနဲ့ နိုဝင်ဘာလက ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ တိုက်ခိုက်မှုတွေ ကြုံခဲ့ရအပြီးမှာပဲ - အမေရိကန်လူထုရဲ့ လုံခြုံရေးဟာ အဓိကဦးစားပေး ကိစ္စဖြစ်တဲ့အကြောင်း ကြာသပတေးနေ့က သမ္မတ အိုဘားမား ပြောကြားခဲ့တာပါ။

အမျိုးသားလုံခြုံရေးအဖွဲ့နဲ့ အချိန်အတော်ကြာ ဆွေးနွေးပြီးနောက် - အမိမြေ ကာကွယ်ရေး နဲ့ တိုက်ခိုက်မှုတွေကို တားဆီးဖို့ အစိုးရတရပ်လုံးရဲ့ ကြိုးပမ်း အားထုတ်မှုတွေကို အပြန်ပြန်အလှန်လှန် လေ့လာဆန်းစစ်ချက်အပေါ်မှာ အခြေခံပြီး - အမေရိကန် ပြည်ထောင်စုမှာ လတ်တလော အကြမ်းဖက် တိုက်ခိုက်ခံရဖို့ မရှိနိုင်တဲ့အကြောင်း ကောက်ချက်ချနိုင်ခဲ့တာ ဖြစ်တယ်လို့လည်း သမ္မတ အိုဘားမား က ပြောဆိုခဲ့ပါတယ်။

အမျိုးသား အကြမ်းဖက်မှု တန်ပြန် နှိမ်နင်းရေးဌာနမှာ အမေရိကန် လူထုကို ပြောကြားတဲ့ မိန့်ခွန်းအတွင်း သတိဝီရိယထားကြဖို့လည်း သမ္မတ အိုဘားမားက ပြောဆိုခဲ့တာပါ။

တနင်္လာနေ့က ပင်တဂွန်စစ်ဌာနချုပ်ကို ရှားရှားပါးပါး သွားရောက်စဉ်အတွင်း - အမေရိကန် ဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့အနေနဲ့ IS ကို ဆန့်ကျင်တဲ့ စစ်ပွဲမှာ အောင်နိုင်လိမ့်မယ်ဆိုတာ သူ ယုံကြည်ကြောင်း၊ စစ်သွေးကြွအုပ်စုတွေ နယ်မြေတွေ ရှုံးနိမ့်နေပြီး၊ သူတို့ရဲ့ ခေါင်းဆောင်တွေဟာလည်း ပုန်းစရာ မြေမရှိဘူးလို့ သမ္မတ အိုဘားမားက ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG