ဆီးရီးယားပြည်သူတွေအပေါ် ဆီးရီးယားအစိုးရက ဓာတုလက်နက်တွေ အသုံးပြုတိုက်ခိုက်နေတာမှန်ရင် ၂ နှစ်ကြာနေပြီဖြစ်တဲ့ ပဋိပက္ခအပေါ် အမေရိကန်ရဲ့ ချဉ်းကပ်မှုဟာ ပြောင်းလဲသွားနိုင်တယ်လို့ အမေရိကန်သမ္မတ Barack Obama ကပြောလိုက်ပါတယ်။
ဓာတုလက်နက်တွေကို ဘယ်မှာ ဘယ်တုန်းက ဘယ်လို အသုံးပြုခဲ့သလဲဆိုတဲ့ အထောက်အထားတွေ ထပ်ပြီးရဖို့လိုသေးတယ်ဆိုတာကိုလည်း သမ္မတ အိုဘားမားက သောကြာနေ့တုန်းက အလေးအနက် ပြောခဲ့ပါတယ်။ လောလော ဆယ်ရရှိထားတဲ့ အထောက်အထားတွေဟာ အမေရိကန် ထောက်လှမ်းရေးက ရရှိတဲ့အချက်အလက်တွေကို အခြေခံပြီး ကနဦး သုံးသပ်ထားတာ ဖြစ်တယ် လို့ ဂျော်ဒန်ဘုရင် Abdullah နဲ့အတူ အိမ်ဖြူတော်မှာ ပူးတွဲလုပ်တဲ့ သတင်းစာ ရှင်းပွဲမှာ သမ္မတအိုဘားမားက ပြောပါတယ်။
ဆီးရီးယားအစိုးရက ဓာတုလက်နက်သုံးတယ်ဆိုတဲ့ ပြောကြားချက်တွေနဲ့ ပတ်သက်လို့ တိုက်ရိုက် သက်သေ အထောက်အထားတွေ ရရှိဖို့ အမေရိကန်နဲ့ အတူ ဒေသတွင်း မဟာမိတ်နိုင်ငံတွေအပြင် ကုလသမဂ္ဂက ဆောင်ရွက်ဖို့ လိုတယ်လို့လည်း အမေရိကန်သမ္မတက ပြောပါတယ်။
သမ္မတ Bashar al Assad ကိုဖြုတ်ချဖို့ ကြိုးစားတိုက်နေကြတဲ့ တော်လှန်သူတွေ အပေါ် ဆီးရီးယားအစိုးရက Sarin ဓာတ်ငွေ့တွေကို အနည်းငယ် သုံးနေတယ် ဆိုတာ အမေရိကန်ထောက်လှမ်းရေဌာနတွေက ယုံကြည်နေတဲ့အကြောင်း အိမ်ဖြူတော်က ကြာသပတေးနေ့က ပြောကြားခဲ့ပါတယ်ခင်ဗျာ။