သုံးရလွယ်ကူစေသည့် Link များ

အရွယ်မရောက်သေးသူ ကလေးငယ်တွေကို ခွဲခြားပြီး တိုက်ပိတ် အပြစ်ဒဏ်ပေးတာနဲ့ အရွယ်ရောက်သူတွေကို တိုက်ပိတ်ရာမှာလည်း အကန့်အသတ်နဲ့ ထားရှိဖို့ စတာတွေပါဝင်တဲ့ အကျဉ်းထောင်စနစ် ပြုပြင်ရေး ဥပဒေကို အမေရိကန်သမ္မတ Barack Obama က အတည်ပြုလိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စုအတွင်း သီးခြားတိုက်ပိတ်ခံထားရသူ အကျဉ်းသား ၁ သိန်းလောက်ရှိတယ်လို့ သမ္မတ အိုဘားမားက တနလာင်္နေ့ထုတ် The Washington Post သတင်းစာက အတွေးအမြင်ဆောင်းပါးတပုဒ် မှာဖေါ်ပြထားပါတယ်။ အဲဒီလို ခွဲခြား ချုပ်နှောင်မှုကြောင့် အထီးကျန်ဖြစ်စေပြီး၊ စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးတွေ ပိုပြီးဖြစ်စေပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ ပြန်လည်ပြုပြင်လိုတဲ့ ဒုတိယအကြိမ် အခွင့်အရေးပေးတဲ့ နိုင်ငံဖြစ်ပေမယ့် အခုလို သီးခြား တိုက်ပိတ်ချုပ်နှောင်မှုဟာ ဒီအနေအထားကို အားနည်းစေတယ်လို့ သမ္မတကပြောပါတယ်။ အဲဒီလို ချုပ်နှောင်ခံရတဲ့လူတွေ အပြင်လောကကို ရောက်လာတဲ့အခါမှာ အလုပ်ကို ကြာရှည် စွဲစွဲမြဲမြဲမလုပ်နိုင်တာ၊ မိသားစုနဲ့ သဟဇာတ မဖြစ်တော့တာနဲ့ လူမှုအဖွဲ့အစည်းအတွင်း တက်တက်ကြွကြွ ပါဝင်မှုမရှိတော့တာတွေဖြစ်စေပါတယ် လို့လည်း ဆိုပါတယ်။

နိုင်ငံအတွင်း အကျဉ်းသား ၂ သိန်းနီးပါးရှိပြီး သီးခြားတိုက်ပိတ်ခွင့်ကို ပယ်ဖျက်လိုက်ရင် အကျဉ်းကျနေစဉ် အတွင်း တိုက်ပိတ်ခံထားရတဲ့ အရွယ်မရောက်သေးသူ လူငယ်တွေနဲ့ သိပ်ပြစ်မှုကြီးကြီးမားမား မလုပ်ခဲ့သူ ၁ သောင်းလောက်အပေါ် ဒီဥပဒေ သက်ရောက်မှု ရှိမယ်လို့ဆိုပါတယ်။

XS
SM
MD
LG