သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ISIS အစ္စလာမ်မစ် အစွန်းရောက် နှိမ်နင်းဖို့ စစ်ရေးအစီအစဉ် အိုဘားမား နိုင်ငံကိုတင်ပြ


အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အရှေ့အလယ်ပိုင်းဒေသမှာ လှုပ်ရှားနေတဲ့ ISIS အစ္စလာမ်မစ် စစ်သွေးကြွတွေအပေါ် နှိမ်နင်းမယ့် စစ်ရေးအရ တိုးချဲ့ဆောင်ရွက်ဖို့ရှိတဲ့ သူ့ရဲ့ အစီအစဉ်ကို ချပြဖို့ ပြင်ဆင်ထားပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ အမျိုးသားအကျိုးစီးပွားအပေါ် စစ်သွေးကြွတွေက ဘယ်လို ခြိမ်းခြောက်မှုတွေ ပြုလုပ်နေသလဲ ဆိုတာနဲ့ ဘယ်လိုတိုက်ခိုက် ချေမှုန်းသွားမလဲဆိုတဲ့ သူ့ရဲ့အစီအစဉ်ကို အမေရိကန် ဒေသစံတော်ချိန် ဗုဒ္ဓဟူးနေ့ည ၉ နာရီဖြစ်တဲ့ မကြာတော့ခင် အချိန်ပိုင်းအတွင်း သမ္မတ အိုဘားမားဟာ ရုပ်မြင်သံကြားကတဆင့် တနိုင်ငံလုံးကို မိန့်ခွန်းပြောကြားမှာ ဖြစ်ပါတယ်။

သူ့ရဲ့မိန့်ခွန်းထဲမှာ အီရတ်ကတဆင့် ဆီးရီးယားနိုင်ငံတွေမှာရှိတဲ့ IS စစ်သွေးကြွတွေအပေါ် လေကြောင်းက တိုက်ခိုက်မှုတွေ တိုးချဲ့ လုပ်ဆောင်မယ့်အကြောင်းလည်း ပါဝင်မှာဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

စစ်သွေးကြွတွေအပေါ် တိုးမြှင့်တိုက်ခိုက်မှုတွေပြုလုပ်မယ့် သမ္မတ အိုဘားမားရဲ့ အစီအစဉ်နဲ့ ပတ်သက်ပြီး လွှတ်တော်ရဲ့ အတည်ပြုချက် ရယူဖို့ လိုအပ်လိမ့်မယ်လို့ Republican နှင့် Democrat ပါတီကြီး ၂ ခုစလုံးရဲ့ လွှတ်တော်ခေါင်းဆောင်တွေက ပြောကြပါတယ်။

သမ္မတကတော့ သူ့အနေနဲ့ လုပ်ပိုင်ခွင့်အာဏာ ရှိထားပြီးသားဖြစ်တယ်လို့ ယုံကြည်တဲ့အကြောင်း ပြောပါတယ်။ ဒါပေမဲ့ လွှတ်တော်ရဲ့ ထောက်ခံမှုကို ရရှိရင်တော့ သူ့အနေနဲ့ ကြိုဆိုမှာ ဖြစ်တယ်လို့ သမ္မတက ပြောပါတယ်။

ဒီအတောအတွင်း ဝါရှင်တန်ဒီစီမှာရှိတဲ့ အမေရိကန် မူဆလင်အဖွဲ့အစည်း ခေါင်းဆောင်တွေက ISIS အစ္စလာမ်မစ် စစ်သွေးကြွတွေရဲ့ အစွန်းရောက် အကြမ်းဖက် လုပ်ရပ်တွေကို ပြစ်တင်ရှုံ့ချလိုက်ကြပါတယ်။

XS
SM
MD
LG