သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ Obama နောက်ဆုံးနိုင်ငံတော်အခြေပြမိန့်ခွန်းအင်္ဂါနေ့ညပြောမည်


အမေရိကန်သမ္မတအိုဘာမား
အမေရိကန်သမ္မတအိုဘာမား

သမ္မတ သက်တမ်းအတွင်း (၇) ကြိမ်နဲ့ နောက်ဆုံးအကြိမ်မြောက် နိုင်ငံတော် အခြေပြမိန့်ခွန်းအဖြစ် သမ္မတ Barack Obama ဟာ လွှတ်တော်နဲ့ အမေရိကန်လူထုရှေ့မှောက် ထွက်ပြီး သူ့ရဲ့သက်တမ်းမှာ ကျန်ရှိတဲ့လတွေ အတွင်းသာမက အမေရိကန်ပြည်ထောင်စုရဲ့ အနာဂတ်အတွက်ပါ သူ့ရဲ့ မျှော်မှန်းချက်ကို ချပြမှာ ဖြစ်ပါတယ်။

သမ္မတ အိုဘားမားက Oval ရုံးခန်းကနေ ထုတ်ပြန်တဲ့ သူ့ရဲ့ အကြို ဗွီဒီယိုမိန့်ခွန်းထဲမှာ အမေရိကန်ပြည်ထောင်စုအနေနဲ့ ထူးခြားတဲ့ တိုးတက်မှုတွေ ရရှိခဲ့ယုံမက ကျန်ရှိတဲ့ နှစ်အတွင်း ဘာတွေကို သူ့အနေနဲ့ စွမ်းဆောင်ပေးလိုတယ်၊ နောက် လာမယ့်နှစ်တွေမှာလည်း အတူတကွ ဘာတွေလုပ်ဆောင်ကြဖို့ လိုအပ်တယ်ဆိုတာကို ချပြမှာ ဖြစ်ပါတယ်။

ပိုမို သာယာဝပြော အားကောင်းပြီး ပိုအောင်မြင်တဲ့ အမေရိကန်ပြည်ထောင်စုကို ကလေးတွေအတွက် အာမခံချက်ပေးနိုင်ဖို့ လုပ်ဆောင်ပေးရမယ့် တာဝန်ကြီးတွေကို သမ္မတက ချပြမှာဖြစ်တယ်လို့ သူ့ရဲ့ အကြိုမိန့်ခွန်းမှာ ပြောကြားသွားပါတယ်။

သူ့အနေနဲ့ အမေရိကန်ပြည်ထောင်စုက လျှောက်နေတဲ့ လမ်းနဲ့ပတ်သက်လို့ သိပ်ကို အကောင်းဖက်က ရှုမြင်နေတဲ့အကြောင်း ၂၀၁၆ သာမက နောက်နှစ်တွေအတွက်လည်း သူ့ရဲ့ မျှော်မှန်းချက်ကို သမ္မတ အင်္ဂါနေ့ ပြောကြားမယ့် သူ့ရဲ့နောက်ဆုံး နိုင်ငံတော် အခြေပြမိန့်ခွန်းမှာ မီးမောင်းထိုးပြမှာ ဖြစ်တယ်လို့ အိမ်ဖြူအရာရှိတွေက ပြောပါတယ်။

ဒါ့အပြင် သမ္မတအနေနဲ့ TPP ခေါ် ပစိဖိတ်ကမ်း ၂ ဖက် ကုန်သွယ်ရေး သဘောတူညီမှု အတည်ပြုနိုင်ရေးနဲ့ ကျူးဘားနိုင်ငံ Guantanamo ရှိ အမေရိကန်အကျဉ်းစခန်း ပိတ်ပစ်ရေး စသဖြင့် မပြီးပြတ်သေးတဲ့ ကိစ္စရပ်တွေကိုလည်း အချောသတ်နိုင်ဖို့ လွှတ်တော်ကို သူတိုက်တွန်းလိမ့်မယ်လို့လည်း မျှော်လင့်ရပါတယ်။

အင်္ဂါနေ့ည ဝါရှင်တန် စံတော်ချိန် ည ၉ နာရီမှာ ပြောကြားမယ့် နိုင်ငံတော် အခြေပြမိန့်ခွန်းမှာ သူ့အနေနဲ့ အောင်မြင်မှုတွေကို အသေးစိတ် ချပြမှာ မဟုတ်ပေမယ့် ၂၀၀၉ ခုနှစ်က စလို့ သူရာထူးလက်ခံပြီး အမေရိကန်ပြည်ထောင်စုရဲ့ တိုးတက်မှုတွေကိုတော့ သမ္မတက မီးမောင်းထိုးပြလိမ့်မယ်လို့ မျှော်လင့်ရကြောင်း အိမ်ဖြူတော် အရာရှိတွေက ပြောပါတယ်။

XS
SM
MD
LG