သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NATO ထိပ်သီးညီလာခံတက်ဖို့ အိုဘားမား ဗြိတိန်ကိုရောက်


နေတိုးအဖွဲ့ ထိပ်သီးဆွေးနွေးပွဲ တက်ရောက်ဖို့ အမေရိကန်သမ္မတ Barack Obama ဟာ အခု UK နိုင်ငံမှာ ရောက်ရှိနေပါတယ်။ ယူကရိန်းမှာဖြစ်နေတဲ့ ပဋိပက္ခနဲ့ ဆီးရီးယားနဲ့ အီရတ်မှာ Islamic State အစွန်းရောက်တွေရဲ့ အန္တရာယ်တွေကို နေတိုးထိပ်သီးဆွေးနွေးပွဲမှာ အဓိကထား ဆွေးနွေးကြမယ် လို့ မျှော်လင့်ရပါတယ်။

Estonia၊ Latvia နဲ့ Lithuania နိုင်ငံတွေက ခေါင်းဆောင်တွေနဲ့ Estonian နိုင်ငံ Tallinn မြို့တော်မှာ ဗုဒ္ဓဟူးနေ့က တွေ့ဆုံခဲ့ပြီးနောက် ဗုဒ္ဓဟူးနေ့ညပိုင်းမှာ UK က စစ်အခြေစိုက်စခန်းတခုကို သမ္မတအိုဘားမား ရောက်ရှိလာခဲ့တာပါ။ ယူကရိန်းနိုင်ငံကိစ္စမှာ ရုရှားနိုင်ငံရဲ့ ကြားဝင် စွက်ဖက်မှုဟာ နိုင်ငံတခုရဲ့ အချုပ်အခြာအာဏာကို ရဲရဲတင်းတင်း ကျူးလွန်တာဖြစ်တယ်လို့ အမေရိကန်သမ္မတ Obama က Tallinn မြို့တော်မှာ ပြောကြားခဲ့ပါတယ်။

အရင် ဆိုဗီယက်ပြည်ထောင်စုထဲမှာရှိခဲ့တဲ့ Baltic ဒေသ နိုင်ငံ ၃ နိုင်ငံကိုလည်း ရုရှားအစိုးရဘက်က ရန်လိုပြုမူလာမယ်ဆိုရင် NATO အဖွဲ့က အကာအကွယ်ပေးသွားမှာ ဖြစ်တယ်လို့ သမ္မတ အိုဘားမားက ဆိုခဲ့ပါတယ်။ Estonia၊ Latvia နဲ့ Lithuania ၃ နိုင်ငံဟာ ၂၀၀၄ ခုနှစ်မှာ နေတိုးအဖွဲ့ဝင်တွေ ဖြစ် လာခဲ့တာပါ။

အမေရိကန်ပြည်ထောင်စုက Baltic ဒေသမှာ နောက်ထပ် လေယာဉ်တွေထားရှိမယ့် အစီအစဉ်ကိုလည်း အမေရိကန်သမ္မတက Estonia နိုင်ငံမှာ ကြေညာခဲ့ပါတယ်။ မဟာမိတ်နိုင်ငံတွေကို အားပေးတဲ့အနေနဲ့ တခြားနေတိုးအဖွဲ့ဝင် နိုင်ငံတွေအနေနဲ့လည်း ကာကွယ်ရေးအသုံးစရိတ်ကို အမေရိကန်နည်းတူ တိုးမြှင့်ထည့်ဝင်ကြရမယ်လို့ သမ္မတအိုဘားမားက ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG