သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျေးဇူးတော်နေ့ အမေရိကန်ပြည်ထောင်စုမှာ ဆင်နွှဲ


ကျေးဇူးတော်နေ့ အမေရိကန်ပြည်ထောင်စုမှာ ဆင်နွှဲ

အမေရိကန်ပြည်ထောင်စုမှာ နိုဝင်ဘာလ ၂၃ ရက်ဟာ Thanksgiving Day လို့ခေါ်တဲ့ ကျေးဇူးတော်နေ့ ဖြစ်ပါတယ်။ သမ္မတက ကြက်ဆင်တွေကို ဘေးမဲ့ပေးတာဟာ နှစ်စဉ်ပြုလုပ်လာတဲ့ ထုံးတမ်းစဉ်လာတစ်ခု ဖြစ်ပါတယ်။ အားလပ်ရက် စားပွဲသောက်ပွဲတွေမှာ အစားခံရမယ့်ဘေးကနေ ကြက်ဆင်နှစ်ကောင်ကို သမ္မတက မနေ့က ဘေးမဲ့လွှတ်ပေးခဲ့တာဖြစ်ပါတယ်။

ကျေးဇူးတော်နေ့ တရားဝင် အားလပ်ရက်မတိုင် တစ်ရက်အလို မနေ့က သမ္မတ အိုဘားမားဟာ သူ့ရဲ့သမီးနှစ်ယောက်နဲ့အတူ အိမ်ဖြူတော်ရဲ့ အပြင်ဘက်ထွက်ပြီး ကြက်ဆင်နှစ်ကောင်ကို ဘေးမဲ့ပေးခဲ့တာ ဖြစ်ပါတယ်။

လွတ်လပ်ခြင်းနဲ့ ငြိမ်းချမ်းခြင်းလို့ အမည်ပေးထားတဲ့ ဒီ ကြက်ဆင်နှစ်ကောင် လွှတ်ပေးတာဟာ လွှတ်တော်ရဲ့ အတည်ပြုချက်မလိုတဲ့ အုပ်ချုပ်ရေးပိုင်းရဲ့ ဆောင်ရွက်ချက်တွေထဲက တစ်ခုဖြစ်တယ်လို့ သမ္မတ အိုဘားမားက အဲဒီပွဲမှာ နောက်ပြောင်ပြောခဲ့ပါတယ်။

တခြား ကြက်ဆင်နှစ်ကောင်ကိုတော့ ၀ါရှင်တန်တ၀ိုက်က စားစရာမဲ့နေတဲ့သူတွေအတွက် အစားအစာ စုဆောင်းတဲ့ နေရာတစ်ခုမှာသွားပြီးတော့ သမ္မတ အိုဘားမား၊ သမ္မတကတော်နဲ့ သမီးနှစ်ယောက်တို့က လှူဒါန်းခဲ့ကြပါတယ်။

XS
SM
MD
LG