သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုဘားမားကျေးဇူးတော်နေ့ ကြက်ဆင်ဘေးမဲ့လွှတ်


အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမားဟာ Thanksgiving ကျေးဇူးတော်နေ့အတွက် ညစာချက်စားခံရမယ့် ကြက်ဆင်နှစ်ကောင်ထဲက တစ်ကောင်ကို အသက်ချမ်းသာခွင့် ပေးလိုက်ပြီး မြောက်ပိုင်း ဗာဂျီးနီးယား ကြက်ဆင်ခြံထဲကို ပို့ခဲ့တာဖြစ်ပါတယ်။

သူ့ရဲ့သမီးတွေဖြစ်တဲ့ Sasha နဲ့ Malia တို့ တက်ရောက်ခဲ့တဲ့ အိမ်ဖြူတော် ဗုဒ္ဓဟူးနေ့က အခမ်းအနားမှာ Cheese လို့ အမည်ပေးထားတဲ့ ကြက်ဆင်ကို မစ္စတာ အိုဘားမားက အသက်ချမ်းသာခွင့် ပေးလိုက်တာ ဖြစ်ပါတယ်။

ဒီဓလေ့ကို နှစ်စဉ် ကျေးဇူးတော်နေ့ မကျရောက်မီ တရက်အလိုမှာ ကျင်းပတာဖြစ်ပါတယ်။ Cheese ဒါမှမဟုတ်၊ နောက်ကြက်ဆင်တစ်ကောင်ဖြစ်တဲ့ Mac ဘယ်ကြက်ဆင်ကို အသက်ချမ်းသာခွင့် ပေးသင့်သလဲဆိုပြီး ပြီးခဲ့တဲ့သီတင်းပတ်က အိမ်ဖြူတော်ကနေ အွန်လိုင်းပေါ်က မဲပေးခိုင်းခဲ့တာ ဖြစ်ပါတယ်။

Cheese အမည်ရှိတဲ့ ကြက်ဆင်ကို အသက်ချမ်းသာခွင့်ပေးဖို့ မဲပေးခဲ့ကြပေမဲ့ ၂၃ ကီလိုဂရမ်စီ အလေးချိန်ရှိတဲ့ နှစ်ကောင်လုံး အသက်ချမ်းသာခွင့် ရခဲ့ကြပါတယ်။ သမ္မတ အိုဘားမားက အမေရိကန်နိုင်ငံသားတွေကို ကျေးဇူးတော်နေ့ ပျော်ရွှင်စွာ ဆင်နွှဲကြဖို့ ဆုတောင်းပေးခဲ့တာ ဖြစ်ပါတယ်။ အမေရိကန် ပြည်ထောင်စုမှာ ဒီကျေးဇူးတော်နေ့ကို နိုဝင်ဘာလ စတုတ္ထပတ် ကြာသပတေးနေ့မှာ ဆင်နွှဲတာဖြစ်ပါတယ်။

XS
SM
MD
LG