အမေရိကန် ပြည်ထောင်စုမှာ လုပ်ကြံခံခဲ့ရတဲ့ နိုင်ငံသား အခွင့်အရေး လှုပ်ရှားမှုခေါင်းဆောင် မာတင် လူသာကင်း ဂျူနီယာ (Martin Luther King, Jr.) ရဲ့ နာမည်ကျော် မိန့်ခွန်းဖြစ်တဲ့ “I have a dream” ကျနော်မှာ မျှော်လင့်မှု အိပ်မက်ရှိတယ် ဆိုတဲ့ မိန့်ခွန်း ပြောခဲ့တာ နှစ် ၅၀ ပြည့် အထိမ်းအမှတ်အဖြစ် မြို့တော် ဝါရှင်တန်ဒီစီမှာ အထိမ်းအမှတ် အခမ်းအနားတွေ အခု ဝါရှင်တန်စံတော်ချိန် မနက်ပိုင်းမှာ စတင်နေပြီ ဖြစ်ပါတယ်။ မာတင် လူသာကင်းရဲ့ ဒီမိန့်ခွန်း နှစ် ၅၀ ပြည့် အထိမ်းအမှတ် ဒီကနေ့ ပြုလုပ်တဲ့ အစီအစဉ်တွေနဲ့ ပတ်သက်လို့တော့ ကိုသားညွန့်ဦး က တင်ပြထားပါတယ်။
အမေရိကန် ပြည်ထောင်စု မြို့တော် ဝါရှင်တန်ဒီစီမှာတော့ ဒေါက်တာကင်းနဲ့ သူ့ရဲ့ နိုင်ငံသား အခွင့်အရေးလှုပ်ရှားမှု အောက်မေ့ဖွယ် အထိမ်းအမှတ်တွေကို တနေ့လုံး ပြုလုပ်သွားမှာပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၊ ၁၉၆၃ ခုနှစ်တုန်းက နိုင်ငံသားအခွင့်အရေး တန်းတူညီမျှရေးအတွက် ဝါရှင်တန်ဒီစီ အမျိုးသား ရင်ပြင်တလျှောက် လင်ကွန်းအမှတ်တရ အဆောက်အဦးရှေ့ကို လူပေါင်း သန်းဂဏန်း ချီတတ်ခဲ့ကြပြီး၊ နိုင်ငံသားအခွင့်အရေး လှုပ်ရှားမှုခေါင်းဆောင် ဒေါက်တာ မာတင် လူသာကင်းဟာ အဲ့ဒီမှာ သူ့ရဲ့ နာမည်ကျော် “I have a dream” သူ့မှာ မျှော်လင့်ထားတဲ့ အိပ်မက် ရှိတယ်ဆိုတဲ့ မိန့်ခွန်းကို ပြောဆိုသွားတာပါ။
ဒါဟာ အမေရိကန် ပြည်ထောင်စုရဲ့ နိုင်ငံသားအခွင့်အရေးလှုပ်ရှားမှု သမိုင်းမှာသာမက၊ တကမ္ဘာလုံးက တန်းတူညီမျှမှုရှိရေး၊ လွတ်လပ်ရေး၊ လူ့အခွင့်အရေး လှုပ်ရှားမှုတွေအတွက် စံပြု စံထားစရာ မိန့်ခွန်းတရပ် ဖြစ်စေခဲ့တာပါ။ ဒီလိုမျိုး တန်းတူညီမျှမှု လူ့အခွင့်အရေးတွေ ကမ္ဘာမှာ ရှေ့တန်းရောက်လာပြီး၊ တန်းတူညီမျှမှုတွေ ခံစားခွင့် ရမှုတွေဟာ ဒေါက်တာကင်းနဲ့ သူ့ရဲ့ နိုင်ငံသားအခွင့်အရေး လှုပ်ရှားမှုတွေရဲ့ တန်ဖိုး အမွေအနှစ်တွေ ဖြစ်တယ်လို့ ဘန်းနစ် (Bernice King) က ပြောပါတယ်။
အခု ဝါရှင်တန် စံတော်ချိန်မနက်ပိုင်း မြို့တော် ဝါရှင်တန်ဒီစီက ခရစ်ယာန် ဘုရားကျောင်းတကျောင်းမှာ ပြုလုပ်တဲ့ ဘာသာပေါင်းစုံ ဝတ်ပြုဆုတောင်းပွဲမှာ မာတင် လူသာကင်းရဲ့ သမီးငယ်လည်းဖြစ်၊ King စင်တာရဲ့ အမှုဆောင်အရာရှိလည်းဖြစ်သူ ဘန်းနစ် (Bernice King) က အဖွင့် မိန့်ခွန်းစကား ပြောသွားပါတယ်။
သူ့ဖခင်ဖြစ်သူ ဒေါက်တာကင်းရဲ့ တကယ့် သဘောသဘာဝဟာ ဘာသာရေး ခေါင်းဆောင်တဦးဖြစ်တာမို့ သူဟာ တမန်တော်တဦးလည်း ဖြစ်တယ်ဆိုပြီး တင်စား ပြောဆိုသွားပါတယ်။
“ဒေါက်တာကင်း ထားခဲ့တဲ့ တန်ဖိုး အမွေအနှစ်တွေ သူ့ရဲ့ လှုပ်ရှားမှုတွေကို အမှတ်ရကြပါ။ နိုင်ငံသား အခွင့်အရေးလှုပ်ရှားမှုရဲ့ တန်ဖိုး အမွေအနှစ်တွေကို အောက်မေ့ကြပါ။ ကမ္ဘာ့နေရာ အနှံ့အပြား နေရာတော်တော်များများမှာ ဒါဟာ တန်းတူညီမျှမှုရဲ့တန်ဖိုး၊ လူ့အခွင့်အရေးရဲ့တန်ဖိုးတွေဆိုတာ အမှတ်ရကြပါတယ်။ ဒေါက်တာကင်းဟာ ကြီးမြတ်တဲ့ နိုင်ငံသား အခွင့်အရေးလှုပ်ရှားမှု၊ လွတ်မြောက်ရေး လှုပ်ရှားမှု ခေါင်းဆောင်ကြီးအဖြစ် အမှတ်ရကြပါတယ်။ မာတင် လူသာကင်းရဲ့ တကယ့် အစစ်အမှန် တန်ဖိုး၊ အစစ်အမှန် သဘောသဘာဝ၊ အစစ်အမှန် သွင်ပြင်ကတော့ သူဟာ ဘာသာရေး တရားဟောဆရာ တယောက်ပါ၊ တမန်တော်ပါ၊ သူဟာ ယုံကြည်မှုဆိုင်ရာ ခေါင်းဆောင်ကြီးတယောက် ဖြစ်ပါတယ်။”
ဒေါက်တာကင်းကို အမှတ်တရပြုလုပ်တဲ့ ပထမဆုံးပွဲကတော့ အဲဒီဘုရားကျောင်းမှာ ပြုလုပ်တဲ့ ဘာသာစုံ ဝတ်ပြုဆုတောင်းပွဲ ဖြစ်ပါတယ်။ မာတင် လူသားကင်းရဲ့ တန်ဖိုး၊ မာတင် လူသာကင်းရဲ့အမွေအနှစ်၊ ဒေါက်တာကင်း လုပ်ဆောင်ခဲ့တာတွေကို အမှတ်တရ ပြန်ပြောင်းပြောဆိုကြသလို၊ အဲဒီမှာ တေးသံသာတွေလည်း လွှမ်းနေခဲ့တာပါ။
ဝါရှင်တန်စံချိန် နေ့လည် ၁၁ နာရီမှာတော့ မာတင် လူသာကင်းနဲ့ နိုင်ငံသား အခွင့်အရေးလှုပ်ရှားမှု အောက်မေ့ဖွယ် အမှတ်တရကို “I have a dream” ဆိုပြီး ဒေါက်တာကင်း တရားဟောခဲ့တဲ့ လင်ကွန်းကျောက်ရုပ်ရှေ့မှာ အခမ်းအနား စတင် ဖွင့်လှစ် ပြုလုပ်မှာဖြစ်ပါတယ်။ အဲဒီမှာတော့ လက်ရှိ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) တတ်ရောက် စကားပြောဖို့ ရှိတဲ့အပြင် သမ္မတဟောင်း ဂျင်မီကာတာ (Jimmy Carter)၊ သမ္မတဟောင်း ဘေလ် ကလင်တန် (Bill Clinton) တို့လို အထင်ကရ နိုင်ငံရေးသမားကြီးတွေ၊ လက်ရှိ လွှတ်တော်အမတ်တွေအပြင်၊ တီဗွီအစီအစဉ် ထုတ်လွှင့်တင်ဆက်မှုနဲ့ နာမည်ကျော်ခဲ့တဲ့ အော်ပရာ ဝင်းဖရီး (Oprah Winfrey)၊ ဟောလီးဝုဒ်ရုပ်ရှင်မင်းသား ဂျင်မီ ဖောက်ဖ် (Jimie Fox) တို့လို အထင်ကရ အကျော်အမော်တွေ၊ လူမှုအဖွဲ့အစည်း အသီးသီးက အကြီးအကဲတွေ တတ်ရောက် စကားပြောကြမှာ ဖြစ်ပါတယ်။
ဒေါက်တာကင်း မိန့်ခွန်းပြောခဲ့တဲ့အချိန် ညနေ ၃ နာရီမှာတော့ ဒေါက်တာကင်းရဲ့ “I have a dream” မိန့်ခွန်းပြောခဲ့တဲ့ နှစ် ၅၀ ပြည့် အထိမ်းအမှတ် ခေါင်းလောင်းတီး ဂုဏ်ပြုပွဲကိုတော့ သမ္မတ အိုဘားမား သမ္မတဟောင်း ကလင်တန်နဲ့ သမ္မတဟောင်း ကာတာတို့ ပါဝင်ဆင်နွှဲကြမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ သမ္မတ အိုဘားမားက လွတ်မြောက်ရေး ခေါင်းလောင်းတီးခတ်မှု အောက်မေ့ဖွယ် အမှတ်တရ အခမ်းအနားအတွက် မှတ်ချက်စကား ပြောဆိုဖို့ ရှိနေပါတယ်။