သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုဘားမား နိုဝင်ဘာ ၁၂ မြန်မာပြည်ရောက်မည်


အမေရိကန်သမ္မတ Barack Obama ဟာ မြန်မာနိုင်ငံကို နိုဝင်ဘာလ ၁၂ ရက်နေ့ ကနေ ၁၄ ရောက်နေ့အထိ လာရောက်မယ်လို့ သမ္မတအိမ်ဖြူတော်က နိုဝင်ဘာ ၄ ရက်နေ့ နေ့စွဲနဲ့ ကြေငြာချက်ထုတ်ပြန်ပါတယ်။ သမ္မတ Obama ဟာ EAS အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲနဲ့ အမေရိကန်-အာဆီယံ ထိပ်သီးဆွေးနွေးပွဲတို့ကို နေပြည်တော်မှာ တက်ရောက်မှာပါ။

မြန်မာသမ္မတ ဦးသိန်းစိန်နဲ့လည်း သီးသန့်ဆွေးနွေးမှာ ဖြစ်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဒါတွေအပြင် နိုဝင်ဘာလ ၁၄ ရက်နေ့မှာလည်း အရှေ့တောင်အာရှ လူငယ်ခေါင်းဆောင် အစပျိုးလုပ်ဆောင်မှု အခမ်းအနား ကျင်းပပြီး အခမ်းအနား တက်ရောက်သူတွေနဲ့ အပြန်အလှန် ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

အဲဒီနေ့မှာပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ ရှိတယ်လို့လည်း အိမ်ဖြူတော်က ပြောပါတယ်။ နိုဝင်ဘာ ၁၀ ရက်ကနေ ၁၆ ရက်နေ့ထိ ကြာမယ့် အာရှခရီးစဉ်အတွင်းမှာ တရုတ်နိုင်ငံနဲ့ သြစတြေးလျ နိုင်ငံတွေကိုလည်း ဝင်ရောက်မှာ ဖြစ်ပါတယ်။

အမေရိကန် သမ္မတ အိုဘားမားနဲ့ မြန်မာသမ္မတ ဦးသိန်းစိန် တို့ ရန်ကုန် လွှတ်တော်အဆောက်အအုံမှာ တွေ့ဆုံခဲ့ကြစဉ်။ ( နိုဝင်ဘာ ၁၉။ ၂၀၁၂။)
အမေရိကန် သမ္မတ အိုဘားမားနဲ့ မြန်မာသမ္မတ ဦးသိန်းစိန် တို့ ရန်ကုန် လွှတ်တော်အဆောက်အအုံမှာ တွေ့ဆုံခဲ့ကြစဉ်။ ( နိုဝင်ဘာ ၁၉။ ၂၀၁၂။)

ဒီခရီးစဉ်ဟာ သမ္မတ အိုဘားမားအတွက်တော့ မြန်မာနိုင်ငံကို ဒုတိယမြောက် ခရီးစဉ်ဖြစ်ပြီး ပထမတခေါက်၂၀၁၂ နိုဝင်ဘာမှာ မြန်မာနိုင်ငံကို လာရောက်တုန်းကလည်း သမ္မတ ဦးသိန်းစိန်ရော အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ပါ တွေ့ဆုံခဲ့တဲ့အပြင် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမမှာ မြန်မာပြည်သူလူထုကို သမ္မတ အိုဘားမား မိန့်ခွန်းပြောကြားသွားခဲ့ပါတယ်။

XS
SM
MD
LG