သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူလတ်တန်းစားအရေး အလေးပေးဖို့ အိုဘားမား ပြည်နယ်ခရီးထွက်


Republican တွေဦးဆောင်တဲ့ လွှတ်တော်နှစ်ရပ်ပေါင်းကို မိန့်ခွန်းပြောအပြီး နောက်တရက်မှာ သမ္မတ ဘရက်ခ် အိုဘားမားဟာ Republican ရှေးရိုးစွဲတွေနေထိုင်တဲ့ ဒေသကိုသွားပြီး လူလတ်တန်းစားတွေအတွက် အထောက်အကူပြုမယ့် အစီအစဉ်တွေနဲ့ ပတ်သတ်ပြီး ပြောဆိုဖို့ ရှိနေပါတယ်။

ဗုဒ္ဓဟူးနေ့မှာ သမ္မတဟာ အိုင်ဒါဟိုနဲ့ ကန်းဆတ် ပြည်နယ်တွေကို နှစ်ရက်ကြာခရီးစဉ် သွားရောက်နေတာဖြစ်ပြီး ပြန်လည် နလန်ထလာတဲ့ စီးပွားရေးအခြေအနေပေါ်ကနေ အခွင့်အရေးကောင်းတွေ ရနိုင်မယ့်အခြေအနေကို ပြောဆိုမှာပါ။ နိုင်ငံတော် အခြေပြမိန့်ခွန်းပြောဆိုအပြီး Republican ပြည်နယ်တွေကို အခုလို အလျှင်ဆုံး သွားရောက်ဖို့ စီစဉ်ခဲ့တာပါ။

အင်္ဂါနေ့ညက လွှတ်တော်အမတ်တွေနဲ့ သန်းပေါင်းများစွာသော ပြည်သူတွေကို ပြောကြားတဲ့ မိန့်ခွန်းမှာ စစ်ပွဲတွေ၊ စီးပွားရေး ကျဆင်းမှုတွေကနေ ကျော်လွန်လာပြီး အမေရိကန် လူလတ်တန်းစားတွေအတွက် စာမျက်နှာသစ် ဖွင့်ရမယ့် အချိန်တန်ပြီဖြစ်ကြောင်း သမ္မတက ပြောပါတယ်။ ချမ်းသာတဲ့သူတွေဆီကနေ အခွန်တိုးကောက်ပြီး ဒေသခံကောလိပ်မှာ ပထမ ၂ နှစ် အခမဲ့ ပညာသင်ကြားခွင့်ပေးဖို့ အစီအစဉ်ကိုလည်း သမ္မတက ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG