သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသမီးတွေ စော်ကားတဲ့ Trump ကို သမ္မတ အိုဘားမား ဝေဖန်


From left, Republican presidential candidate Donald Trump and President Barack Obama. Twice this week, Trump accused the president of founding the militant group Islamic State.
From left, Republican presidential candidate Donald Trump and President Barack Obama. Twice this week, Trump accused the president of founding the militant group Islamic State.

ရီပတ်ပလင်ကန် သမ္မတလောင်း Donald Trump ကို စိတ်မလုံခြုံ ခံစားနေရသူလို့ အမေရိကန် သမ္မတ Barack Obama က ခေါ်ဆိုလိုက်ပြီး သူဟာ သူ့ကိုယ်သူ ဂုဏ်တင်နိုင်ဖို့ တခြားလူတွေကို နှိမ်တတ်တဲ့ သူလို့ ပြောပါတယ်။

၂၀၀၅ ခုနှစ်တုန်းက Trump ရဲ့ ရိုင်းရိုင်းပြပြ ပြောဆိုမှု သတင်းတွေမှာ ပြန့်နှံခဲ့တာနဲ့ ပါတ်သက်ပြီး သမ္မတ အိုဘားမားက တုန့်ပြန်ပြောဆို လိုက်တာဖြစ်ပါ တယ်။ သော ကြာနေ့က Washington Post သတင်းစာက Trump ရဲ့ ဗီဒီယိုခွေထဲ က ပြော ဆိုချက်ကို ဖေါ်ပြခဲ့တာ ဖြစ်ပြီး သူက နံမယ်ကြီးတယောက်မို့ အမျိုးသမီးတွေကို ထင်သလို လုပ်လို့ ရကြောင်း ရိုင်းရိုင်းပြပြ ပြောဆိုထားတာ ဖြစ်ပါတယ်။

ရီပါတ်ဘလစ်ကင်ပါတီရဲ့ သမ္မတလောင်း တယောက်ဆီက ဒီလိုစကားမျိုးတွေ ထွက်လာတာဟာ ဒီမိုကရေစီရှင်သန်ရေးအတွက် လေးစားလိုက်နာရမယ့် အ ချက်ဖြစ်တဲ့ လူ့ယဉ်ကျေးမှုနဲ့ လေးစားမှုတွေ မရှိကြောင်းကို ပြသနေတယ်လို့ တနင်္ဂနွေနေ့က Illinois လွှတ်တော်အမတ် Tammy Duckworth အတွက် မဲဆွယ်ပွဲမှာ သမ္မတ အိုဘားမားက ပြောပါတယ်။

စစ်တမ်းတွေအရ Trump ကို လူကြိုက်များမှုဟာ ဒီမိုကရက်တစ်ပါတီ သမ္မ တလောင်း Hillary Clinton နဲ့ သိပ်မကွာပေမယ့် သူ့ကို ယုံကြည်ရဖို့ သိပ်ခက် တယ်လို့လည်း ပြောပါတယ်။ ဒါ့အပြင် အရေးကြီးတာက နိုဝင်ဘာ ၈ ရက်နေ့မှာ မဲပေးဖြစ်အောင် ပေးကြဖို့ဖြစ်ကြောင်း လည်း သမ္မတ အိုဘားမားက အလေး ထား ပြောကြားခဲ့ပါတယ်။

Trump နဲ့ Clinton တို့ဟာ အမေရိကန် စံတော်ချိန် တနင်္ဂနွေနေ့ ညမှာ ဒုတိယ အကြိမ်မြောက် စကားစစ်ထိုးပွဲ ပြုလုပ်ကြမှာ ဖြစ်ပြီး လွန်ခဲ့တဲ့ ၁၁ နှစ်တုန်းက Trump ရဲ့ အမျိုးသမီးတွေအပေါ် မှတ်ချက်နဲ့ ပါတ်သက်ပြီး ဒီစကားစစ်ထိုးပွဲမှာ အဓိက ပြောဆိုကြမှာကတော့ သေချာပါ တယ်။

Trump က သူ့ရဲ့ ပြောဆိုချက်တွေအတွက် တောင်းပန်ခဲ့သလို၊ ဒုသမ္မတ အဖြစ် သူရွေးချယ်ထားတဲ့ Mile Pence ကိုနေရာပေးပြီး ဆက်အရွေးမခံဖို့ တချို့ ရီပတ်ပလင်ကန် ပါတီဝင်တွေရဲ့ အကြံပေးချက်ကို ပယ်ချပြီး သူဆက် အရွေးခံမှာ ဖြစ်ကြောင်း ပြောပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG